DVB Logo
Home
မြန်မာသတင်း
သာကေတ မိကျောင်းမွေးမြူရေးစခန်း ဇန်နဝါရီလ ပြန်ဖွင့်နိုင်ရန် စာတင်ထား
DVB
·
December 24, 2020
သာကေတ မိကျောင်းမွေးမြူရေးစခန်း ဇန်နဝါရီလ ပြန်ဖွင့်နိုင်ရန် စာတင်ထား
1 / 9
Donate to DVB

ကိုဗစ်ကာလအတွင်း ပိတ်ထားတဲ့ သာကေတ မိကျောင်းမွေးမြူရေးစခန်းအား လာမယ့် ဇန်နဝါရီလအတွင်း ပြန်ဖွင့်နိုင်ဖို့ သက်ဆိုင်ရာကို စာတင်ပြထားတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

သာကေတမိကျောင်းမွေးမြူရေးစခန်းကို အရင်က အများပြည်သူ လာရောက်လေ့လာဖို့အတွက် ဖွင့်လှစ်ခဲ့ပေမယ့် ကိုဗစ်-၁၉ အခြေအနေကြောင့် ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက  လည်ပတ်ခွင့်ကို ပိတ်ပင်ခဲ့တာပါ။  

လာမယ့် ဇန်နဝါရီ ၁ ရက်လောက် ပြန်လည်ဖွင့်လှစ်နိုင်ဖို့  ရည်မှန်းထားပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်ရွက်ထားတယ်လို့ သကေတ မိကျောင်းမွေးမြူရေးစခန်း တာဝန်ခံ ဒေါက်တာမျိုးမင်းလှိုင်က ပြောပါတယ်။

ကျနော်တို့ကတော့  ဒီဇင်ဘာလဆန်းကတည်းက ပြန်ဖွင့်လှစ်နိုင်ဖို့ ခွင့်ပြုချက်တောင်းထားတာ ဇန်နဝါရီလ ၁ ရက်နေ့လောက်က စပြီး  ပြန်ဖွင့်ပြုပေးဖို့။ ပြန်ဖွင့်ရင်လည်း MOHS ရဲ့ လမ်းညွန့်ချက်နဲ့ အညီ တစ်ရက်ကို လူ ၃၀ ထက် မပိုဘဲ၊ လာကြည့်မယ့်အဖွဲ့တွေကလည်း တစ်ဖွဲ့ကို လူ ၄၊ ၅ ယောက်ထက်မပိုတဲ့အဖွဲ့၊ အဲ့ဒီလောက်ကို  MOHS လမ်းညွန့်ချက်နဲ့အညီ ပြန်ဖွင့်ခွင့်ပြုဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကော၊ ငါးလုပ်ငန်းဦးစီးဌာန ရုံးချုပ်(နေပြည်တော်) ကို ခွင့်ပြုချက်တောင်းထားတယ်။ ဒီတစ်ပတ်ထဲ သိရမယ် ထင်ပါတယ်။”

ဧက ၄၀ ကျော် ကျယ်ဝန်းတဲ့ ငမိုးရိပ်ချောင်းနားက သကေတမိကျောင်းမွေးမြူရေးစခန်းမှာ တစ်ပေ အရွယ်ကနေ ၁၂ ပေအထက်အရွယ်စုံရှိတဲ့ မိကျောင်းကောင်ရေ  ၅၇၄ ကောင် မွေးမြူထားပါတယ်။

ဒီစခန်းမှာ ပုံမှန်တာဝန်ကျ ဝန်ထမ်း ၁၄ ဦးနဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး  ဒီသဘာဝကန်ထဲက မိကျောင်းတွေကို စခန်းကဝန်ထမ်းတွေက တစ်ပတ်တစ်ခါ ပုံမှန် အစာကျွေးလေ့ရှိပါတယ်။  မိကျောင်းကောင်ရေ အရေအတွက် များပြားနေတာကြောင့်  အစာဖိုး  လစဉ်  ၅ သိန်းလောက် ကုန်ကျနေပါတယ်။ 

ကိုဗစ်ကာလအတွင်း  အချိန်ကာလကြာမြင့်စွာ မိကျောင်းမွေးမြူရေးစခန်း ပိတ်ထားရတာကြောင့် စခန်းဝင်ငွေနဲ့  ဝန်ထမ်းတွေရဲ့ ရပ်တည်မှုအနေအထားအပေါ်  ခက်ခဲမှု ရှိလာနိုင်တယ်လို့  ဒေါက်တာမျိုးမင်းလှိုင်က ပြောပါတယ်။

“ကိုဗစ်ကာလကလည်း  ကြာရှည်လာပြီး  နောက်ထပ် ၂၊ ၃ နှစ်တန်တန် ရိုးရိုး ရာသီတုပ်ကွေးလို ကာလကြာရှည်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွန့်ထားတာ ရှိတယ်။ ကျနော်တို့ကလည်း ဒီတိုင်းရပ်တန့်နေမယ်ဆိုရင် နံပါတ် ၁ စခန်းရဲ့ ဝင်ငွေထိခိုက်တာပေါ့။ ပြီးခဲ့တဲ့ နှစ်က ကျနော်တို့က တစ်နှစ်လုံးအတွက် လျာထားတာက သိန်း ၁၀၀ လောက်ဝင်ငွေ ရှိမယ်လို့ လျာထားတာ၊ အခုတော့ ၆ လလောက်ဘဲ ဖွင့်ရတော့ သိန်း ၅၀ လောက် စခန်းက ဝင်ငွေ နစ်နာခဲ့တယ်။ နောက်တစ်ခုက ဒီလို့မျိုး ကာလရှည်ကြာပိတ်ထားလို့ရှိရင်  မိကျောင်းမွေးမြူရေးစခန်း ပြန်ဖွင့်ရင် ဝန်ထမ်းတွေက နေ့စဉ် မိကျောင်းအစာလေးတွေ ရောင်းလို့ရတဲ့ အပိုဝင်ငွေရှိတော့ သူတိုရဲ့ ဝန်ထမ်းလစာအပြင် သူတို့ရဲ့ ရပ်တည်မှုလေး အဆင်ပြေတာပေါ့။ ပိတ်ထားတဲ့အခါ ပြင်ပဧည့်သည် လာမကြည့်ရင် သူတို့က ဝန်ထမ်းလစာတစ်ခုတည်းပဲ ရပ်တည်နေရတာဖြစ်တော့ မိသားစုစားဝတ်နေရေးမှာ အခက်အခဲရှိမှာပေါ့။”

လာရောက်လည်ပတ်သူတွေကို စခန်းဝင်ကြေးအဖြစ် လူကြီး တစ်ဦး ကျပ် ၅၀၀၊ နိုင်ငံခြားသားတစ်ဦး ကျပ် ၁၀၀၀  သတ်မှတ်ထားပြီး အသက် ၁၀ နှစ်အောက် ကလေးအတွက်ကတော့ ဝင်ကြေးအခမဲ့ ဖြစ်ပါတယ်။ 

ခွင့်ပြုချက်ရရင်  မနက် ၉ နာရီ ကနေ ညနေ ၄ နာရီ နေ့စဉ် ပိတ်ရက်မရှိ ပုံမှန်အတိုင်း ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

 သကေတမိကျောင်းမွေးမြူရေးစခန်းကို မြန်မာရေလုပ်ငန်းက ၁၉၇၈ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ၁၉၉၇ ခုနှစ်မှတော့  အပန်းဖြေစခန်းအဖြစ်  ပြောင်းလဲဖွင့်လှစ်ခဲ့တာပါ။

နန့်ခိုင်

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013