DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ပထမဆုံးအနေဖြင့် အမျိုးသမီးများအတွက် အကြွေးဝယ်ကတ် MAB ဘဏ်မိတ်ဆက်
DVB
·
December 23, 2020
မြန်မာတွင် ပထမဆုံးအနေဖြင့် အမျိုးသမီးများအတွက် အကြွေးဝယ်ကတ် MAB ဘဏ်မိတ်ဆက်
Donate to DVB

အမျိုးသမီးတွေအတွက် အကြွေးဝယ်ကတ်ကို မြန်မာမှာ ပထမဆုံးအနေနဲ့ မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) က မိတ်ဆက်လိုက်ပါတယ်။ 

MAB Lady’s ကတ်လို့ခေါ်တဲ့ အဲဒီအကြွေးဝယ်ကတ်ကို Mastercard နဲ့ ပူးပေါင်းထုတ်ဝေတာဖြစ်ပြီး အမျိုးသမီးတွေအတွက် သီးသန့်ဝန်ဆောင်မှုတွေပါတယ်လို့ ဆိုပါတယ်။ 

ကတ်ကို Classic နဲ့ Platinum လို့ ၂ မျိုး သတ်မှတ်ထားပြီး အသက် ၂၁ နှစ် ပြည့်ပြီး လစဉ်ဝင်ငွေ ၂ သိန်းခွဲနဲ့ အထက်ရှိသူတွေ Classic ကို လျှောက်ထားနိုင်မှာဖြစ်ပြီး ဝင်ငွေ ၁၅ သိန်းနဲ့ အထက်ရှိသူတွေကတော့ Platinum ကတ်ကို လျှောက်ထားနိုင်ပါတယ်။ ဝင်ငွေ ဒါမှမဟုတ် လစာရဲ့ ၂ ဆအထိ အကြွေးဝယ်ခွင့်ရမှာဖြစ်ပြီး အများဆုံးကတော့ ကျပ်သိန်း ၅၀ ဖြစ်ပါတယ်။ 

MAB Lady’s ကတ်သုံးသူတွေအနေနဲ့ ငွေကြေးသုံးစွဲတဲ့ ပမာဏအပေါ် မူတည်ပြီး ထပ်တိုးခံစားခွင့်များစွာလည်း ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

Mastercard ရဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံအဆင့်မန်နေဂျာ Aileen Chew က “MAB Lady’s ကတ်အသုံးပြုသူတွေဟာ သူတို့ရဲ့ ဒီ MAB Mastercard အသစ်နဲ့ ငွေပေးချေမှု လုပ်တိုင်းမှာ အကျိုးခံစားခွင့်များစွာ ရရှိမှာဖြစ်ပြီးတော့ သူတို့ရဲ့ ငွေပေးချေမှုတွေက ကမ္ဘာ့အဆင့်မြင့်မီ လုံခြုံစိတ်ချရတဲ့ နည်းပညာတွေနဲ့ ပံ့ပိုးထားတာဖြစ်တဲ့အတွက် လုံခြုံမှုအတွက် စိတ်အေးရစေမှာပါ” လို့ ပြောပါတယ်။ 

ကတ်ကိုင်ဆောင်သူရဲ့ မိသားစုဝင်တွေကလည်း ဆင့်ပွားကတ်တွေ ကိုင်ဆောင်နိုင်မှာ ဖြစ်သလို MAB Lady’s ကတ်ကိုင်ဆောင်သူတွေဟာ MAB iBanking စာရင်းနဲ့ Mobile Banking စာရင်းတို့ကိုလည်း အခမဲ့ အလွယ်တကူ ဖွင့်နိုင်မယ်လို့ MAB က ဆိုပါတယ်။ 

MAB Lady’s ကတ်ကို အွန်လိုင်းစနစ်နဲ့ အကြွေးဝယ်ယူငွေပေးချေတာတွေ၊ ကမ္ဘာတဝန်းက ATM ငွေထုတ်စက်တွေနဲ့ POS တွေမှာ ငွေသားထုတ်တာတွေ လုပ်လို့ရပါတယ်။ တစ်နှစ်အတွင်းမှာ ၃၆ သိန်း သုံးစွဲမယ်ဆိုရင်တော့ နှစ်စဉ်ကြေး ကင်းလွတ်မယ်လို့ ဆိုပါတယ်။ 

ဒီကတ်ကိုင်ဆောင်သူတွေအနေနဲ့ မိတ်ဖက်ကုန်သည်တွေဖြစ်တဲ့ စားသောက်ဆိုင်၊ Spa တို့မှာ လျှော့ဈေးတွေ ရမှာဖြစ်သလို Master Priceless Experience အစီအစဉ်ကတဆင့် ဒေသတွင်းနဲ့ နိုင်ငံတကာ ကုန်သည်တွေက ပေးတဲ့ ကမ္ဘာတဝန်းက ဟိုတယ်၊ အပန်းဖြေစခန်းတွေ၊ အလှအပနဲ့ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုတွေအတွက် ၂၅ ရာခိုင်နှုန်းအထိ အခွင့်ထူးတွေလည်း ရနိုင်တယ်လို့ ဆိုပါတယ်။ 

MAB ဘဏ်ဟာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ နိုင်ငံတဝန်းမှာ ဘဏ်ခွဲပေါင်း ၁၀၂ ခု ဖွင့်လှစ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013