DVB Logo
Home
မြန်မာသတင်း
တရက်တည်း ကိုဗစ်လူနာ ၅၀၀ ကျော်တွေ့သည့် စမွတ်စာခွန်ခရိုင်ကို အသွားအလာကန့်သတ်
DVB
·
December 20, 2020
တရက်တည်း ကိုဗစ်လူနာ ၅၀၀ ကျော်တွေ့သည့် စမွတ်စာခွန်ခရိုင်ကို အသွားအလာကန့်သတ်
Donate to DVB

ထိုင်းနိုင်ငံ စမွတ်စာခွန်ခရိုင်မှာ ဒီဇင်ဘာ ၁၉ ရက် တရက်တည်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အယောက် ၅၀၀ ကျော်ကို စစ်ဆေးတွေ့ရှိခဲ့လို့ ညတွင်းချင်းမှာပဲ စမွတ်စာခွန် တခရိုင်လုံး အသွားအလာကန့်သတ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ကြေညာလိုက်ပါတယ်။

 စတိုးဆိုင်တွေ အားလုံးကို ဇန်နဝါရီ ၃ ရက်နေ့အထိ ပိတ်ထားရမှာဖြစ်ပြီး ညလုံးပေါက် ကုန်စုံဆိုင် အားလုံးကတော့ ည ၁၀နာရီကနေ မနက် ငါးနာရီကြားမှာ ပိတ်ထားရမှာပါ။

 ရွှေ့ပြောင်းလုပ်သားအားလုံး မြို့ထဲက ထွက်ခွင့်ရမှာ မဟုတ်ပါဘူး။

 ထိုင်းနိုင်ငံသားတွေကတော့ နာမည်နဲ့ ခရီးသွားမယ့် နေရာတွေကို ထိုင်းအာဏာပိုင်တွေဆီ အကြောင်းကြားပြီးမှ သွားခွင့်ရမှာပါ။

 နောက်ထပ်တစုံတရာ မကြေညာမချင်း ည ၁၀ နာရီကနေ မနက် ၅ နာရီထိ အပြင်မထွက်ဘဲ အိမ်မှာနေရမယ့် ညမထွက်ရအမိန့်ကိုလည်း အာဏာပိုင်တွေက ထုတ်ပြန် လိုက်ပါတယ်။

 ကူးစက်မှု ပျံ့နှံ့ရာ တလာ့ကွန်းပုစွန်ဈေးနားမှာ နေထိုင်သူတွေအနေနဲ့ ဘေးကင်းရေး လမ်းညွှန်ချက်တွေကို လိုက်နာရမှာပါ။

 ဈေးကို ဒီဇင်ဘာ ၁ ရက်နေ့က စပြီး ခုထိ အချိန်ကြားသွားခဲ့သူ အားလုံး ရောဂါခြေချုပ်နဲ့ ၁၄ ရက် နေရမှာဖြစ်ပြီး တုပ်ကွေးလက္ခဏာတွေဖြစ်တဲ့ ဖျားတာ၊ လည်ချောင်းနာတာ အသက်ရှူ မဝတာ၊ အနံ့နဲ့ အရသာ ပျောက်သွားတာ၊ နှာခေါင်းပိတ်တာနဲ့ ခေါင်းကိုက်တာတွေ ဖြစ်ခဲ့ရင် ကျန်းမာရေးလုပ်သားတွေကို ချက်ချင်း အကြောင်းကြားဖို့ ညွှန်ကြားထားပါတယ်။

 ညွှန်ကြားချက်တွေကို ချိုးဖောက်သူတွေဟာ ဘတ်ငွေ ၂သောင်းနဲ့ ထောင်ဒဏ် ၂ နှစ်ထိ ပြစ်ဒဏ်ကို ရင်ဆိုင်ရ နိုင်တယ်လို့လည်း အမိန့် ထုတ်ပြန်ထားပါတယ်။ 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013