DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်း၌ ကိုဗစ်စည်းကမ်းချိုးဖောက်သူများထံမှ ဒဏ်ကြေး ကျပ်သိန်း ၆၆၀ ကျော်ရရှိ
DVB
·
December 18, 2020
မန္တလေးတိုင်း၌ ကိုဗစ်စည်းကမ်းချိုးဖောက်သူများထံမှ ဒဏ်ကြေး ကျပ်သိန်း ၆၆၀ ကျော်ရရှိ
Donate to DVB

မန္တလေးတိုင်းမှာ ဒီဇင်ဘာ ၅ ရက်ကစလို့ Stay at Home ထုတ်ပြန်ခဲ့ပြီး မြို့နယ်ကျော်သွားလာတာတွေကို ဒဏ်ရိုက်ခဲ့လို့ ဒီဇင်ဘာ ၁၅ ရက်ညနေပိုင်းအထိ ဒဏ်ရိုက်ခံရသူပေါင်း ၁၃,၂၂၂ ယောက်ဆီကနေ ဒဏ်ကြေး ကျပ်သိန်း ၆၆၀ ကျော်ရထားပါတယ်။

ဒီဒဏ်ကြေးတွေကို မန္တလေးခရိုင်ထဲက ပြည်သူလူထုအတွက်က လွဲပြီး တခြားဘယ်နေရာမှာမှ မသုံးဘူးလို့လည်း တိုင်းအစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ကုသရေးအတွက် မန္တလေးတိုင်းဘတ်ဂျက်က ကျပ်သိန်း ၁၅,၇၂၁ ကျော်၊ အလှူရှင်တွေရဲ့ ကိုဗစ် ရန်ပုံငွေထဲက ကျပ်သိန်း ၁၀,၂၆၂ ကျော် သုံးခဲ့ပြီးပြီလို့ ဆိုပါတယ်။

အလှူရှင်ပေါင်း ၄၅၀ လောက်က လှူဒါန်းထားတာဟာ ကျပ်သိန်း ၂၃,၅၁၇ ကျော်ဖြစ်ပြီး ကိုဗစ်-၁၉ စစ်ဆေးစမ်းသပ်ခအနေနဲ့ ရတာကတော့ ကျပ်သိန်း ၁,၁၈၇ ကျော် ဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းအရေးပေါ်ရန်ပုံငွေအဖြစ် ကျပ်သိန်း ၁၀,၀၀၀ လည်း ရခဲ့ပြီး ဒီထဲကနေ ခရိုင်နဲ့ မြို့နယ် ကိုဗစ် ကာကွယ်ကုသရေးကော်မတီတွေအတွက် ကျွေးမွေးစရိတ်၊ လုပ်ငန်းသုံးပစ္စည်းနဲ့ အုပ်ချုပ်မှုစရိတ်တွေ ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျပ်သိန်း ၁၅,၇၂၁ ကျော်သုံးခဲ့ပေမယ့် တိုင်းထဲမှာ ရောဂါကူးစက်ဖြစ်ပွားတာ မလျော့သေးသလို နောက်ထပ် ကွာရန်တင်းစင်တာ ၃ ခု ထပ်ဖွင့်ဖို့ စီစဉ်နေပြီး လက်ရှိ ကွာရန်တင်းဝင်နေသူပေါင်း ၂,၇၁၆ ယောက်ရှိနေပါတယ်။

တိုင်းအစိုးရဟာ အလှူငွေတွေအပါအဝင် ဝင်ငွေတွေနဲ့ ထောက်ပံ့ငွေ၊ လှူဒါန်းငွေ၊ သုံးစွဲငွေတွေကို တခုချင်းအလိုက် အသေးစိတ် ထုတ်ပြန်ပေးထားပါတယ်။

အိမ်မှာနေရမယ့် အစီအစဉ်ကို ရပ်လိုက်တာ၊ ဒဏ်ရိုက်တာကို ရပ်လိုက်ပေမဲ့ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်တွေနဲ့အညီ နေထိုင်သွားကြဖို့ကိုလည်း တိုင်းအစိုးရက ပန်ကြားထားပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၈ ရက်ကစပြီး  Stay at Home အစီအစဉ်နဲ့ ကိုဗစ်စည်းကမ်းတွေမလိုက်နာသူတွေကို ဒဏ်ရိုက်တာ မလုပ်တော့ဘူးလို့လည်း တိုင်းအစိုးရက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013