DVB Logo
Home
မြန်မာသတင်း
မန္တလေးခရိုင်ကို Stay at Home သတ်မှတ်ချက်ပယ်ဖျက်
DVB
·
December 18, 2020
မန္တလေးခရိုင်ကို Stay at Home သတ်မှတ်ချက်ပယ်ဖျက်
Donate to DVB

မန္တလေးခရိုင်မှာ Stay at Home ဆောင်ရွက်ခြင်းလုပ်ငန်းနဲ့ ဒဏ်တပ်တဲ့လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်တော့မှာမဟုတ်ဘူးလို့ ဒီကနေ့ ဒီဇင်ဘာလ ၁၈ မှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

မန္တလေးခရိုင်မှာ  ကိုဗစ်-၁၉ ရောဂါကူးစက်မှုကနေ  ထိန်းချုပ်နိုင်ဖို့ ဒီဇင်ဘာ ၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ Stay at Home အဖြစ် သတ်မှတ်ခဲ့တာပါ။

ဒီလို Stay at Home သတ်မှတ်ထားတာ ပယ်ဖျက် လိုက်ပေမယ့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စည်းကမ်း လမ်းညွှန်ချက်တွေကို လိုက်နာပြီး လူစုလူဝေးဖြစ်စေမယ့် နေရာတွေကို တတ်နိုင်သလောက်ရှောင်ရှားဖို့နဲ့ အပြင်ထွက်ရင် Mask တပ်ကြဖို့ တိုက်တွန်းထားပါတယ်။

Stay at Home သတ်မှတ်ထားတဲ့အချိန်တုန်းက ဈေးဝယ်ထွက်ခွင့် ကတ်မပါပဲ ဈေးသွားတာ၊ မြို့နယ်ဖြတ်ကျော်သွားလာခွင့် ကတ်မပါဘဲ  မြို့နယ်ဖြတ်ကျော်လာတာတွေကို ရပ်ကွက်အလိုက် စစ်ဆေးအရေးယူခဲ့ပြီး တွေ့ရှိခဲ့ရင် ကျပ် ၅၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။

သတင်း-နိုင်လင်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013