DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့က ကိုဗစ်ချေးငွေမရသည့် လုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်ရန် အခက်အခဲရှိနေ
DVB
·
December 17, 2020
ပုသိမ်မြို့က ကိုဗစ်ချေးငွေမရသည့် လုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်ရန် အခက်အခဲရှိနေ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ နိုင်ငံတော်အစိုးရက ထုတ်ချေးတဲ့ ကိုဗစ်ချေးငွေ မရရှိတဲ့ လုပ်ငန်းရှင်တချို့ လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

ကိုဗစ်ချေးငွေရရှိဖို့အတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ တင်ပြလျှောက် ထားခဲ့ပေမယ့် ပယ်ချခံရလို့  လုပ်ငန်းလည်ပတ်ဖို့အတွက် အခက်အခဲတွေရှိလာတယ်လို့ လုပ်ငန်းရှင်တွေက ဒီဗွီဘီကို ပြောပါတယ်။

ပုသိမ်မြို့နယ်က သီဟိုဠ်ခြံပိုင်ရှင် ဦးအောင်ကျော်မိုးက  "သတ်မှတ်ထားတဲ့ အချက် ၉ ချက်ပြည့်စုံအောင် ကျနော်တို့ တင်ပါတယ်။ ပြည့်စုံလို့လည်း ကျနော်တို့ကို လက်ခံဖြတ်ပိုင်းလေးပြန်ပေးပါတယ်။ ခုမ မကိုက်ညီဘူးပြောပြီး အစိုးရက ချပေးတဲ့ပိုက်ဆံတွေကို ပြန်အပ်လိုက်တော့ ကျနော်တို့ လုပ်ငန်းရှင်တွေအတွက် နစ်နာပါတယ်"လို့ ပြောပါတယ်။

နိုင်ငံတော်အစိုးရရဲ့ ကိုဗစ်ချေးငွေကို ကိုဗစ်ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုတွေအပေါ် ကုစားရေးကော်မတီ အနေနဲ့ အစည်းအဝေးဆုံးဖြတ်ချက်တွေပြုလုပ်ပြီး ဒုတိယအကြိမ် ချေးငွေ ဘီလီယံ ၁၀၀ ကို ၃ ခါခွဲပေးရာမှာလည်း မမျှတမှုတွေရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

နိုင်ငံတော်အစိုးရရဲ့ ကိုဗစ်ချေးငွေကို ဒုတိယအကြိမ်မှာ လျှောက်ထားတဲ့ လုပ်ငန်းရှင်ပေါင်း  ၁၇၂၁ ဦးရှိတဲ့အနက် ၆၄၂ ဦးသာ ရရှိခဲ့တယ်လို့ တိုင်းကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။

တိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်က "ဒီတစ်ကြိမ်မှာ ကျန်ခဲ့တဲ့သူတွေကတော့ သူတို့က ဦးစားပေးလုပ်တာ ခေါင်းစဉ်နဲ့ အဲ့တာကို ဒီဘက်က ခေါင်းစဉ်ထဲမပါတဲ့ လူတွေလည်း လာလျှောက်တယ်။ အစ်ကိုတို့ကလည်း ရပါစေဆိုပြီး တင်ပေးတယ်။ အဲ့တော့ ခေါင်းစဉ်ထဲ မပါတဲ့လူတွေနဲ့ အထောက်အထားမပြည့်စုံလို့ကျန်ခဲ့တဲ့ လူတွေများတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

အစိုးရရဲ့လုပ်ငန်းရှင်တွေကိုထုတ်ချေးတဲ့ ကိုဗစ် ချေးငွေကို စက်တင်ဘာလက လုပ်ငန်း ၁၀၄၁ ခုကို ၂၀ ဘီလီယံကျော်၊ အောက်တိုဘာလက လုပ်ငန်း ၁၂၀၀ ခုကို ၂၁ ဘီလီယံကျော်နဲ့ နိုဝင်ဘာလက လုပ်ငန်း ၆၉၈ ခုကို ၂၂ ဘီလီယံကျော်ကို ထုတ်ချေးခဲ့တာပါ။

အခုလို့ ၃ ကြိမ်ခွဲထုတ်ပေးရာမှာလည်း လုပ်ငန်းအရေအတွက်နဲ့ ချေးငွေပမာဏကွာဟမှု တွေ ရှိနေတာကြောင့် တာဝန်ရှိသူတွေကို ပြန်လည် စိစစ်ပေးစေချင်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013