DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် Stay at home အမိန့်ချိုးဖောက်သူများထံမှ ဒဏ်ကြေးငွေကျပ် သိန်း၂၀ ကျော်ရရှိ
DVB
·
December 17, 2020
ပုသိမ်တွင် Stay at home အမိန့်ချိုးဖောက်သူများထံမှ ဒဏ်ကြေးငွေကျပ် သိန်း၂၀ ကျော်ရရှိ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ Stay at home အမိန့်ထုတ်ထားတဲ့ကာလ အပြင်ထွက်ခွင့် ကတ်မပါဘဲ အပြင်ထွက်သူတွေကို ငွေကျပ် ၃၀၀၀ စီ ဒဏ်ရိုက်ထားတာမှာ  ဒီဇင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၁၅ ရက်နေ့ညအထိ ဒဏ်ကြေးငွေကျပ် သိန်း၂၀ ကျော်ရရှိထားပြီလို့ ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။

ပုသိမ်မြို့မှာ အိမ်အပြင်ထွက်ပါက အပြင်သွားလာခွင့်ကတ်နဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှ စတင်သွားဖို့ ထုတ်ပြန်ခဲ့ပြီး အိမ်အပြင်ထွက်ခွင့်ကတ်မပါဘဲ ထွက်သူတွေကို  တစ်ယောက်လျှင် ဒဏ်ကြေးငွေကျပ်  ၃၀၀၀ ကျပ်ပေးဆောင်ရတာဖြစ်ပါတယ်။

ပုသိမ်မြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဝေဖြိုးကျော် က “Stay‌ at Home  သတ်မှတ်ချက်နဲ့  Mask ဒဏ်ရိုက်တယ်။ ပြင်ပ ထွက်ခွာသူတွေကို စည်းကမ်းလိုက်နာခြင်းမရှိလို့ရှိရင် အဝင်အထွက် ဆောင်ရွက်ထားတဲ့အပေါ်မှာ ကတ်မပါ၊ ထောက်ခံချက်မပါဘဲ ပြင်ပကိုထွက်ခွာတဲ့အပေါ်မှာ တရားဝင်သတ်မှတ်ထားတဲ့ ဒဏ်ကြေးငွေ ၃၀၀၀ ဆောင်ရွက်နေတယ်” လို့ ပြောပါတယ်။

ပုသိမ်မြို့မှာ အပြင်ထွက်သွားလာတာတွေနဲ့ ပတ်သက်ပြီး စစ်ဆေးရေးအဖွဲ့ ၁၅ ဖွဲ့ စစ်ဆေး ဆောင်ရွက်နေပြီး စစ်ဆေးရေးအဖွဲ့တွေမှာ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ တစ်ဦး ကြီးကြပ်ပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအဖွဲ့မှ လှည့်လည်စစ်ဆေးရေးအဖွဲ့နှစ်ဖွဲ့နဲ့ လိုက်လံ စစ်ဆေးဆောင်ရွက်နေကြောင်း သိရှိရပါတယ်။

ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေကျော်က “အသိပညာအားနည်းပေါ်အခြေခံပြီး ပါသင့်ပါထိုက်တယ်။ အထောက်အထားတွေမပါတာ မျိုးတွေ တွေ့ရပါတယ်။ ဒီအပေါ်မှာတော့ ပညာပေးအနေနဲ့ပြောတယ်။ ပြောပြီးတော့ ဒဏ်ရိုက်တယ်။ ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်မယ်ဆို အဆင်ပြေနိုင်ပါတယ်။ ပူးပေါင်း ဆောင်ရွက်မှုအားက အခုမှလုပ်ငန်းစတာဖြစ်လို့ အားနည်းနေသေးတယ်”လို့ ပြောပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်အထိ ပုသိမ်ဆေးရုံကြီးမှာ ကိုဗစ်-၁၉ လူနာ ၄၉၀ ဦး တက်ရောက်ကုသပြီး၊ ဆေးရုံဆင်း လူနာ ၃၇၉ ဦးရှိကာ သေဆုံးသူ ၄ ဦးနဲ့ လက်ကျန်လူနာ ၁၀၇ ဦး ရှိကြောင်း သိရှိရပါတယ်။ 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်မြို့၊ မအူပင်မြို့နယ်နဲ့ ဖျာပုံမြို့နယ်တွေမှာ Stay at home မြို့နယ်တွေအဖြစ် သတ်မှတ်ထားပါတယ်။

သတင်း - စည်သူမောင်မောင်

ဓာတ်ပုံ-မင်းထက်မုန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013