DVB Logo
Home
မြန်မာသတင်း
Asian Academy ဆုပေးပွဲတွင် လိပ်ပြာရုပ်သံစီးရီးစ်က အကောင်းဆုံးဇာတ်ဝင်တေးဆုရ
DVB
·
December 8, 2020
Asian Academy ဆုပေးပွဲတွင် လိပ်ပြာရုပ်သံစီးရီးစ်က အကောင်းဆုံးဇာတ်ဝင်တေးဆုရ
Donate to DVB

အာရှဒေသတွင်း အနုပညာထူးချွန်ဆုပေးပွဲတခုဖြစ်တဲ့ Asian Academy Creative Awards ဆုပေးပွဲမှာ လိပ်ပြာရုပ်သံစီးရီးစ်က အကောင်းဆုံး ဇာတ်ဝင်သီချင်းဆုရရှိပါတယ်။

နိုင်ငံအလိုက် National Winners ဆုရ ဆန်ကာတင်စာရင်းကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံက ခါရာ၊ ပန်းရောင်ခြယ်တို့နဲ့အတူ မျိုးဆက်သစ်အနုပညာရှင်တွေ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

Asian Academy Creative Award ဆုပေးပွဲကိုတော့ နှစ်စဉ်ပြုလုပ်လေ့ရှိပြီး အာရှနဲ့ ပစိဖိတ်ဒေသတွင်းက တနှစ်တာအတွင်း ထုတ်လုပ်တင်ဆက်ခဲ့တဲ့ ရုပ်ရှင်ဇာတ် ကားကောင်းတွေ၊ ဇာတ်လမ်းတွဲတွေကို ရွေးချယ်ပြီး ကဏ္ဍအလိုက် ထူးချွန်ဆုတွေ ချီးမြှင့်တဲ့ ဆုပေးပွဲ ဖြစ်ပါတယ်။

    ခုလတ်တလောမှာတော့ မြန်မာနိုင်ငံက National Winners ဆုရရှိသူတွေ အပါအဝင် တခြားသော အာရှနိုင်ငံအသီးသီးက National Winners တွေထဲက Grand Final ပွဲ မှာအပြီးသတ် ဆုရရှိသူကို ကြေညာချိန်မှာတော့ National Winner ဆု ၄ ဆု ရရှိထားတဲ့ “လိပ်ပြာ”ရုပ်သံစီးရီးစ်ထဲက အဆိုတော် Daniel Saw ရဲ့ “Enemies of You” သီချင်းက ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

“လိပ်ပြာ”ရုပ်သံစီးရီးစ်ကိုတော့ ဒါရိုက်တာ ဉာဏ်ထင်က ရိုက်ကူးပုံဖော်ခဲ့တာဖြစ် ပြီး အဓိကသရုပ်ဆောင်တွေအနေနဲ့ ပန်းရောင်ခြယ်၊ ခါရာ ၊ မြတ်နိုးအေး၊ အောင်ရဲထိုက် တို့က ပါဝင်ထားခဲ့တာပါ။

ဒီစီးရီးစ်ကိုတော့ အခပေးရုပ်သံလိုင်းတခုဖြစ်တဲ့ CANAL+ ရုပ်သံလိုင်းကနေ ထုတ် လွှင့်ပြသခဲ့တာဖြစ်ပြီး သိပ်မကြာခင်မှာလည်း Season 2 အနေနဲ့ ဆက်လက် ထုတ်လွှင့် ပြသသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013