DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအတွက် စိတ်ရင်းစေတနာမှန်ဖြင့်လုပ်ဆောင်ရန်  မွန်ပြည်သစ်ပါတီတိုက်တွန်း 
DVB
·
December 3, 2020
ငြိမ်းချမ်းရေးအတွက် စိတ်ရင်းစေတနာမှန်ဖြင့်လုပ်ဆောင်ရန်  မွန်ပြည်သစ်ပါတီတိုက်တွန်း 
Donate to DVB

ငြိမ်းချမ်းရေးအတွက် အပြန်အလှန်ဆွေးနွေးပြီးတော့ တကယ့်ကိုစိတ်ရင်းစေတနာမှန်နဲ့ လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နဲ့ NCA-S EAO ညှိနှိုင်းရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောပါတယ်

လက်ရှိအစိုးရလက်ထက် နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ရလဒ်က ထူးထူးခြားခြားမရှိသေးပေမယ့် စေတနာမှန်နဲ့ ရိုးသားမှုပေါင်းစပ်သွားမယ်ဆိုပါက အကောင်းဆုံးနည်းလမ်းတစ်ခုရလာမှာ ဖြစ်တယ်လို့လည်းပြောပါတယ် ။

အန်အယ်လ်ဒီ အစိုးရလက်ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (MNSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ခဲ့ပေမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေက ရှေ့ဆက်ညှိနှိုင်းဆွေးနွေးစရာတွေ များစွာကျန်ရှိ နေပါတယ်။

နောက်ဆုံးရလဒ်တွေအရ ဖက်ဒရယ်တည်ဆောက်ဖို့ လမ်းညွှန်အခြေခံမူ ၅ ရပ်ရလာပြီး ၂၀၂၀ အလွန်အကောင်အထည်ဖော်ဖို့အတွက် ဇယား(၁)ရလာကြောင်း မူဘောင်အနေနဲ့ သဘောတူညီချက် ၁၂ ချက်ရလာပြီး အချင်းချင်း နားလည်မှုရယူကာ တဆင့်ပြီးတဆင့်သွားမှာဖြစ်တယ်လို့ နိုင်အောင်မငေးက ဒီဗွီဘီကို ပြောပါတယ်။

“တပ်မတော်ကလည်း ကျနော်ထင်တယ် ဒီအတွေ့အကြုံတွေနဲ့ ရင့်ကျက်မှုရှိလာပြီ ဆိုတော့ တဖြည်းဖြည်းဖြစ်လာမယ်၊ တကယ့်စေတနာမှန်နဲ့ ရိုးသားမှုနဲ့ ကျနော်တို့နိုင်ငံကို ပေါင်းစပ် သွားမယ်ဆိုရင် ဒါကအကောင်းဆုံးနည်းလမ်းတစ်ခုပေါ့။ နိုင်ငံတကာအခြေအနေနဲ့ ကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေထက် အများကြီးနောက်ကျနေတယ်။ ဒါကို ကျနော်တို့အနေနဲ့ သင်ခန်းယူပြီး ကိုယ့်အချင်းချင်းညီညွတ်ဖို့၊ တစ်ဆို့နေတဲ့အခြေအနေကိုကျော်ဖြတ်ဖို့အတွက် အပေးအယူ လုပ်ပြီးတော့ အပြန်အလှန်ဆွေးနွေးပြီးတော့ တကယ့်ကိုစိတ်ရင်းစေတနာမှန်နဲ့လုပ်ဆောင်ဖို့ အရေးကြီးတယ် '' လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့အစိုးရနှစ်ဆက်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ အစိုးရအကြား    အန်စီအေလက်မှတ်ထိုးထားပြီး ကျန်အဖွဲ့တွေနဲ့ လက်မှတ်ရေးထိုးနိုင်ရေးလည်း  တွေ့ဆုံညှိနှိုင်းဆွေးနွေးဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

စကားဝိုင်းဆွေးနွေးပွဲတွေကထွက်ပေါ်လာတဲ့ရလဒ်တွေက ကောင်းပေမယ့် အသီးအပွင့်ကို ပြည်သူတွေက မခံစားရသေးကြောင်း တိုင်းရင်းသားတွေနဲ့ လူနည်းစုတွေအပေါ် ထူးခြားမှု တစုံတရာလုပ်ပေးနိုင်မယ်ဆိုပါက လာမယ့်အစိုးရအနေနဲ့ ထောက်ခံမှုပိုမိုရရှိလာမှာဖြစ်ကြောင်း၊ အစိုးရအနေနဲ့ လုပ်ပေးနိုင်တဲ့အခွင့်အရေးနဲ့အာဏာကို ကောင်းစွာအသုံးချတတ်ဖို့လိုကြောင်း နိုင်အောင်မငေးက ပြောပါတယ်။

သတင်း/ဓာတ်ပုံ - ဝင်းနိုင်သက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013