DVB Logo
Home
မြန်မာသတင်း
အာဏာရှင်သမ္မတ ဦးနေဝင်း၏ ဇနီးဟောင်း ရတနာနတ်မယ် နှလုံးရောဂါဖြင့် ကွယ်လွန်
DVB
·
December 2, 2020
အာဏာရှင်သမ္မတ ဦးနေဝင်း၏ ဇနီးဟောင်း ရတနာနတ်မယ် နှလုံးရောဂါဖြင့် ကွယ်လွန်
1 / 2
Donate to DVB

အာဏာရှင် သမ္မတ ဦးနေဝင်းရဲ့ ဇနီးဟောင်းတယောက်ဖြစ်ခဲ့တဲ့ ကနောင်မင်းသားကြီးရဲ့ အနွယ်တော် June Rose Bellamy(ခ)ရတနာနတ်မယ်ဟာ အီတလီနိုင်ငံ၊ ဖလောရင့်စ်မြို့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ရတနာနတ်မယ် ကွယ်လွန်တာပတ်သက်ပြီး အိမ်ရှေ့စံကနောင်မင်းကြီးရဲ့ ဆွေတော်မျိုးတော်များအသင်းရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ''ဝမ်းနည်းမှတ်တမ်း''ရေးသားမျှ ဝေထားခဲ့တာကို တွေ့ရပါတယ်။

“လင်းပင်မင်းသားကြီး၏မြေးတော် သက်တော် ၈၉ နှစ် ရတနာနတ်မယ်သည် မနေ့က အီတလီနိုင်ငံတွင် ၉၆ ပါးရောဂါဖြင့် နတ်ရွာစံကံတော်ကုန်ကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူ လင်းပင်မိသားစုများအနေဖြင့် လွန်စွာမှပင် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါသည်”

ရတနာနတ်မယ်ကို လင်းပင်မင်းသားကြီးနဲ့ ရေနံ့သာခင်ခင်ကြီးတို့ရဲ့ သမီး လင်းပင် ထိပ်တင် မလတ်နဲ့ ဩစတြေးလျနိုင်ငံသား၊ အင်္ဂလိပ်လူမျိုး မြင်းပွဲဒိုင် Herbert Bellamy တို့က ၁၉၃၂ ခုနှစ်မှာ မွေးဖွားခဲ့တာမို့လို့ ကွယ်လွန်ချိန်မှာတော့ အသက် ၈၈ နှစ် အရွယ်ရှိနေပြီ ဖြစ်ပါတယ်။

ဖခင်ဖြစ်တဲ့ လင်းပင်မင်းသားကြီးဟာ အိမ်ရှေ့စံကနောင်မင်းရဲ့ သားတော်တစ်ပါး ဖြစ်တာမို့လို့ ရတနာနတ်မယ်ကတော့ ကနောင်မင်းရဲ့ မြစ်တော်စပ်သူ ဖြစ်ပါတယ်။

သူ့မွေးဖွားချိန်မှာ အဘိုးအဘွားတွေဖြစ်ကြတဲ့ လင်းပင်မင်းသားကြီးနဲ့ ရေနံ့သာ ခင်ခင်ကြီး တို့က အသက်ကြီးမှရတဲ့ ကလေးဖြစ်တာမို့လို့ နတ်ကပေးတဲ့ကလေးဆိုပြီး “ရတနာနတ်မယ်” အမည်ပေးခဲ့တာဖြစ်ကြောင်း သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။

ရတနာနတ်မယ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက အိန္ဒိယနိုင်ငံမှာ စစ်ရှောင်နေထိုင် ခဲ့ပြီး သူ့အသက် ၁၄ နှစ် အရွယ်မှာတော့ မြန်မာနိုင်ငံမှာ ပြန်လည်နေထိုင်ခဲ့တာ ဖြစ်ပါ တယ်။

သူဟာ ၁၉၅၄ ခုနှစ်မှာ အီတလီလူမျိုး ဆရာဝန် Mario Lucia Postiglione နဲ့ ပထမ အိမ်ထောင်ထူထောင်ခဲ့ပြီး  သားနှစ်ယောက် ထွန်းကားခဲ့ကာ ၁၉၆၃ ခုနှစ်မှာတော့ ကွာရှင်းပြတ်စဲ ခဲ့ပါတယ်။

အဲဒီနောက် ရတနာနတ်မယ်ဟာ ၁၉၇၆ ခုနှစ်မှာတော့ မြန်မာနိုင်ငံရဲ့  အာဏာရှင်သမ္မတ တယောက်အဖြစ် ထင်ရှားတဲ့ ဦးနေဝင်းနဲ့ လက်ထပ်ခဲ့ပြီး အဲဒီခေတ်အခါက သတင်းစာတွေပေါ် ဟိုးလေးတကျော် ထင်ရှားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အိမ်ထောင်ရေးဟာ လပိုင်းလောက်သာ ကြာမြင့်ခဲ့ပြီး ပြတ်စဲခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ သူဝါသနာပါရာ အချက်အပြုတ်သင်တန်းတွေ လေ့လာသင်ယူခဲ့ပြီးနောက် အချက်အပြုတ်သင်တန်းတွေ ဖွင့်လှစ်ကာ အီတလီနိုင်ငံမှာ နေထိုင်ရင်း ဘဝကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013