DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲ လာသူများသဖြင့် ဝင်ခွင့်ပိတ်
DVB
·
November 30, 2020
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲ လာသူများသဖြင့် ဝင်ခွင့်ပိတ်
1 / 9
Donate to DVB

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ရာပြည့်သဘင် အခမ်းအနား မီးထွန်းထားတာကို လူတွေ အများအပြားလာရောက် ဓာတ်ပုံရိုက်နေကြလို့ ဒီနေ့မှာတော့ အထဲကို ဘယ်သူမှ ပေးမဝင်တော့ပါဘူး။

ရန်ကုန်ဟာ Stay  at  Home   သတ်မှတ်ထားတာဖြစ်ပေမယ့် တက္ကသိုလ်မှာ အလှဆင် မီးထွန်းတာကို လူအများအပြား လာရောက် အမှတ်တရ ဓာတ်ပုံရိုက်နေကြတာဖြစ်ပါတယ်။

ကမာရွတ်မြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက “မနေ့က လူတွေ အများကြီးလာကြတယ်။ ဒါက ကိုဗစ် Law နဲ့လည်း ငြိတယ်လေ။ သူတို့လည်းမနိုင်ဘူး။ ဒါနဲ့ တက္ကသိုလ်ရှိတဲ့ ကမာရွတ်မြို့နယ် ထွေအုပ်က ဒီလိုတော့လုပ်လို့မရဘူးလို့ အသိပေးတယ်။ သူတို့ (ရန်ကုန်တက္ကသိုလ် တာဝန်ရှိသူတွေ)ကလည်း လက်ခံတယ်လေ။ ဒီမနက်ကစပြီး ပိတ်လိုက်တာပါ” လို့ ပြောပါတယ်။

ရာပြည့်သဘင်အခမ်းအနားကို လူတွေအများကြီးလာနေတာနဲ့ ပတ်သက်လို့ မနေ့ကပဲ ပညာရေးဝန်ကြီး၊ ဒုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်တွေ၊ ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်တွေနဲ့ ပါမောက္ခတွေ၊ ရန်ကုန်ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်၊ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်း ပြည်သူ့ ကျန်းမာရေးနဲ့ ကုသရေးဦးစီးမှူးတို့ဟာ အွန်လိုင်းကနေ အစည်းအဝေးလုပ်ခဲ့ကြပါသေးတယ်။

ဒီအစည်းအဝေးကနေ အလှဆင်အထိမ်းအမှတ် မီးထွန်းညှိထားတာကို ဒီဇင်ဘာ ၁ ရက်အထိ ညစဉ် ည ၈ နာရီအထိပဲ ထွန်းဖို့၊ ပင်မဂိတ်အဝင်မှာ  ဝင်ရောက်သူ    တယောက်ချင်းစီကို ကိုယ်အပူချိန် တိုင်းဖို့နဲ့ အပူချိန်မြင့်တက်သူတွေ့ရင် သီးခြားခွဲထုတ်ပြီး တက္ကသိုလ်များ ဆေးရုံက   Isolation Unit ဆီ ချက်ချင်းပို့ဆောင် ခဏထားပြီး သတ်မှတ်ထားတဲ့ ကျန်းမာရေးလုပ်ငန်းစဉ်တွေအတိုင်း  ဆက်လက်ဆောင်ရွက်ဖို့တို့ကို ဆုံးဖြတ်ထားတာပါ။

ဒီနေ့မှာတော့ အပြင်လူ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးတော့ကြောင်း တက္ကသိုလ်အဝင်ဂိတ်မှာ ဆိုင်းဘုတ်ထောင်ထားပြီး ဝန်ထမ်းတွေပဲ ဝင်ထွက်ခွင့်ရမယ်လို့ ဦးတင်ဝင်းက ပြောပါတယ်။ အထဲဝင်ခွင့်မရပေမယ့် အပြင်ကနေ ဓာတ်ပုံရိုက်တာမျိုးတော့ လုပ်နိုင်တယ်လို့လည်း ဆိုပါတယ်။

ရာပြည့် သဘင်အထိမ်းအမှတ် အခမ်းအနား ကြိုတင်ရိုက်ကူးထားတာကို မနက်ဖြန် ဒီဇင်ဘာ ၁ ရက်မှာ မြန်မာ့အသံရုပ်မြင်သံကြားတီဗွီနဲ့ ဖေ့စ်ဘွတ်ခ်တို့ကနေ ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။

တက္ကသိုလ်ဝင်းထဲကို ဝင်ခွင့်မပေးတော့တဲ့အကြောင်းနဲ့ အခမ်းအနားအကြောင်းကို သိရဖို့ ရန်ကုန်တက္ကသိုလ် တာဝန်ရှိသူတွေဆီကို ဖုန်းနဲ့ ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။

Photo - Ye Myo Khant / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013