DVB Logo
Home
မြန်မာသတင်း
တရားစွဲဆိုခံရသည့် ဆရာ၊ ဆရာမများကို ကူညီမည်ဟု ဆရာ၊ ဆရာမများအဖွဲ့ချုပ် ထုတ်ပြန်
DVB
·
November 30, 2020
တရားစွဲဆိုခံရသည့် ဆရာ၊ ဆရာမများကို ကူညီမည်ဟု ဆရာ၊ ဆရာမများအဖွဲ့ချုပ် ထုတ်ပြန်
Donate to DVB

၂၀၂၀ ရွေးကောက်ပွဲမှာ မဲရုံ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ ဆရာမတွေထဲက တချို့ကို နိုင်ငံရေးပါတီအချို့က တရားစွဲဆိုတာတွေ ရှိလာတဲ့အတွက် ဥပဒေပညာရှင်တွေနဲ့တိုင်ပင်ကာ ကူညီသွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က နိုဝင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

ခုလိုတရားစွဲဆိုခံရတာဟာ  ဆရာ၊ ဆရာမတွေရဲ့ လုပ်ဆောင်ချက်အပေါ် မယုံကြည်တဲ့အတွက် တရားစွဲတဲ့သဘောဖြစ်ပြီး တရားစွဲဆိုခံရတဲ့ ဆရာ၊ ဆရာမတွေမှာ မမှန်မကန်လုပ်ထားတာ မရှိဘူးဆိုတာကို တရားရုံးမှာ ဥပဒေနဲ့အညီ ရင်ဆိုင်သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး  ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။ 

ဒါ့အပြင် မမှန်မကန် စွပ်စွဲ တရားစွဲဆိုမှုတွေကိုလည်း တန်ပြန်တရားစွဲနိုင်ဖို့အတွက် မိတ်ဖက်ညီနောင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ကလည်း တရားစွဲဆိုခံရတဲ့ ဆရာ၊ ဆရာမတွေဟာ တာဝန်နဲ့အညီ ဆောင်ရွက်တယ်ဆိုတာကို ဥပဒေနဲ့အညီရပ်တည်ပေးဖို့ တိုက်တွန်းတယ်လို့လည်း ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013