DVB Logo
Home
ကျန်းမာရေး
ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး
DVB
·
November 28, 2020
ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး
Donate to DVB

ကမ္ဘာတစ်လွှားမှာ ကိုဗစ်ကြောင့် စီးပွားရေးတွေ ထိခိုက်နေရသလို ဆုံးရှုံးနေရတဲ့ လူ့အသက်တွေကလည်း မနည်းပါဘူး။ ရောဂါခံစားနေရသူ အရေအတွက်ကလည်း ဒုနဲ့ဒေးပါ။

ဒီအချိန်မှာ နေ့စဉ် ဘဝတွေကို ပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့ဆိုတာ ခက်ခဲပါ။ ကိုဗစ် စဖြစ်ကတည်းက ရပ်တန့်ထားရတဲ့ စီးပွားရေးတွေ ရှိသလို ခရီးသွားလာမှုတွေမလုပ်ရဘူး။ နေအိမ်တွေထဲမှာပဲနေရတယ်။ အလုပ်တွေကိုလည်း အိမ်ကနေပဲ လုပ်ရတော့ လူတွေ လွမ်းဆွတ်နေတာက ဘာဖြစ်မယ်ထင်လဲ။ ကိုယ်တိုင်ရော ဘာကို လွမ်းလဲ။ အရင်လို လွတ်လပ်ပျော်ရွှင်စွာနဲ့ ရောဂါပိုးကင်းပြီး သွားလာနေရတဲ့ အခြေအနေကိုဟုတ်။ ဒါကတော့ အခုချိန်မှာ လူတိုင်း တောင့်တနေမယ့် အရာပါ။

ဒီဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ့် မျှော်လင့်ချက်ရောင်ခြည်လေးတော့ သန်းလာခဲ့ပါပြီ။ ဒါကတော့ ရလဒ်ကောင်းတွေနဲ့ အောင်မြင်မှု လမ်းကြောင်းပေါ်ကို အရှိန်မှန်မှန်နဲ့ လျှောက်လှမ်းလာတဲ့ အမေရိကန်နိုင်ငံအခြေစိုက် ဆေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Moderna  ရဲ့ ကိုဗစ် ကာကွယ်ဆေးပါ။

လက်ရှိမှာ ဘယ်လောက်အနေအထားအထိ အောင်မြင်နေပြီလဲ…………


တနင်္လာနေ့က အမေရိကန်ဆေးကုမ္ပဏီဖြစ်တဲ့ Moderna က သူတို့ရဲ့ ကာကွယ်ဆေးဟာဆိုရင် COVID-19 ကို ၉၄.၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ်၊ လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ကိုဗစ် ကာကွယ်ဆေးကို မျှော်လင့်နေသူတွေအတွက်တော့ အားရစရာကောင်းတဲ့ မျှော်လင့်ချက်တစ်ခုပါ။

Moderna တင်မဟုတ်ဘဲ ပြီးခဲ့တဲ့ အပတ်ကလည်း Pfizer ဆေးကုမ္ပဏီနဲ့ သူ့ရဲ့ မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့ ဂျာမန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ BioNTech တို့က သူတို့အနေနဲ့ COVID-19 ကို ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးကို တီထွင်နိုင်ခဲ့ပြီ၊ လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကာကွယ်ဆေး စမ်းသပ်မှု အစောပိုင်းရလဒ်တွေအရတော့ ဘေးကင်းမှုအပိုင်းမှာ စိတ်ချရပါတယ်။ သူတို့အနေနဲ့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရဲ့ အသိအမှတ်ပြုမှုကို ရရှိစေဖို့ လာမယ့် အပတ်တွေအတွင်းမှာ ကြိုးစားသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အတည်ပြုချက်သာ ရရှိခဲ့မယ်ဆိုရင် သူတို့ကုမ္ပဏီ ၂ ခုအနေနဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ ကာကွယ်ဆေး အလုံးရေပေါင်း သန်း ၇၀ ကို ထုတ်လုပ်ပေးနိုင်မှာဖြစ်တယ်၊ လို့ ဆိုပါတယ်။လာမယ့် နှစ်မှာတော့ Pfizer ဆေးကုမ္ပဏီနဲ့ သူ့ရဲ့ မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့ BioNTech တို့ဟာ ကာကွယ်ဆေး အလုံးရေပေါင်း ၁.၃ ထရီလျံကို ထုတ်လုပ်နိုင်မှာဖြစ်ပြီး Moderna အနေနဲ့ကတော့ လာမယ့်နှစ်မှာ ကာကွယ်ဆေး အလုံးရေ ၁ ဘီလျံထုတ်လုပ်နိုင်မယ်လို့ သတင်းဖော်ပြထားပါတယ်။

ဒီကာကွယ်ဆေးကို လူ အယောက် ၃၀၀၀၀ မှာ စမ်းသပ်ခဲ့တာဖြစ်ပြီး ရလဒ်ကောင်းတယ်လို့ သိရပါတယ်။ ကာကွယ်ဆေးက ကိုဗစ်ဗိုင်းရပ်စ်ကို ၉၄ ရာခိုင်နှုန်း​ကျော် ကာကွယ်ပေးနိုင်ပြီး ဘေးကင်းမှုကို စိတ်ချရတဲ့ အနေအထားမှာ ရှိပါတယ်။

အသေးစားတုံ့ပြန်မှုတွေအနေနဲ့ကတော့ ဆေးထိုးပြီးတဲ့အခါ ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာ၊ နာကျင်တာလိုမျိုးလေးတွေတော့ ခံစားရနိုင်ပါတယ်။ ဒါကလူတိုင်းမှာဖြစ်တာတော့ မဟုတ်ပါဘူး။

Moderna ရဲ့ ကာကွယ်ဆေးက ၄ ပတ် ခြားပြီး ၂ ကြိမ် ထိုးရမှာပါ။ မျိုးရိုးဗီဇပြုပြင်ထုတ်လုပ်တဲ့ကာကွယ်ဆေး အမျိုးအစားပါ။ RNA တွေကို မျိုးရိုးဗီဇနည်းနဲ့ ပြုပြင်ပြီး ထုတ်လုပ်တဲ့ ကာကွယ်ဆေးပေါ့။ -20 ဒီဂရီ စင်တီဂရိတ်မှာ သိမ်းဆည်းသိုလှောင်ရမှာ ဖြစ်ပါတယ်။ ဒီအပူချိန်မှာ ၆ လအထိ သိမ်းဆည်းနိုင်ပြီး သာမန် ရေခဲသေတ္တာထဲမှာ ၁လလောက် အထားခံပါတယ်။



ကာကွယ်ဆေးက ဘယ်လို အလုပ်လုပ်မှာလဲ………..






Moderna က ထုတ်လုပ်မယ့် ကာကွယ်ဆေး အမျိုးအစားက “ RNA vaccine” အမျိုးအစားပါ။ ဒီကာကွယ်ဆေး အမျိုးအစားက ကိုရိုဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကုဒ် တစ်စိတ်တစ်ပိုင်းကို ရယူထုတ်လုပ်ထားတာပါ။ ဗိုင်းရပ်စ်တစ်ခုလုံးကို ရယူထားတာ မဟုတ်ပါဘူး။

messenger RNA (mRNA) ကို အသုံးပြုထားတဲ့ ကာကွယ်ဆေးပါ။  ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ် ဝင်ရောက်လာတဲ့ ပုံစံတူ ဖန်တီးပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ဖွံ့ဖြိုးလာအောင်လုပ်တဲ့နည်းကို ကျင့်သုံးထားပါတယ်။

ကာကွယ်ဆေးကို ခန္ဓာကိုယ်ထဲ ထိုးသွင်းလိုက်တဲ့အခါ ကိုယ်ထဲမှာ ကိုဗစ်ဗိုင်းရပ်စ်က ထုတ်လုပ်မယ့် ပရိုတင်းနဲ့ တူညီတဲ့ ပရိုတင်း တစ်မျိုး ထွက်လာပါလိမ့်မယ်။ ဒီပရိုတင်းက ရောဂါမဖြစ်စေနိုင်ပါဘူး။

ကိုယ်ခံအားကို antibodies နဲ့ T-cells တွေထွက်ရှိအောင် လှုံ့ဆော်ပေးပြီး ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်စေဖို့ လေ့ကျင့်ပေးမှာပါ။ ကိုယ်ခံအားကို ဗိုင်းရပ်စ်ကို တုံ့ပြန်ဖို့အတွက်ပဲ ကြိုတင်လေ့ကျင့်ပေးထားတဲ့ သဘောပေါ့။

Moderna ကာကွယ်ဆေးက အချိန်ဘယ်လောက်ကြာကြာအထိ ရောဂါကာကွယ်ပေးနိုင်စွမ်းရှိလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ကာကွယ်ဆေး သက်ကြီးရွယ်အိုတွေကို ကိုဗစ်ရန်ကနေ ကာကွယ်ပေးနိုင်စွမ်းရှိတာကို တွေ့ရှိခဲ့ရပါတယ်။

ရေးသားသူ - Aye Thi Mon

 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။


Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013