DVB Logo
Home
မြန်မာသတင်း
တိုင်းပြည်၏ ပြဿနာများကို အမျိုးသားညီညွတ်ရေးအခြေခံပြီး ဖြေရှင်းရန် အပစ်ရပ်အဖွဲ့များ မျှော်လင့်  
DVB
·
November 27, 2020
တိုင်းပြည်၏ ပြဿနာများကို အမျိုးသားညီညွတ်ရေးအခြေခံပြီး ဖြေရှင်းရန် အပစ်ရပ်အဖွဲ့များ မျှော်လင့်  
Donate to DVB

အန်အယ်လ်ဒီပါတီ အနေနဲ့ လက်ရှိတိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာအရပ်ရပ်ကို အမျိုးသားညီညွတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး စိတ်ဓာတ်အခြေခံနဲ့ ရင်ဆိုင်ဖြေရှင်းဆောင်ရွက်သွားမယ်လို့ မျှော်လင့်ကြောင်း အန်အီအေ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။  

၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ တောင်ပြိုကမ်းပြို အနိုင်ရသည့်အပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)  လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က နိုဝင်ဘာ ၂၆ နေ့က သဝဏ်လွှာပေးပို့ ပြောကြားလိုက်တာပါ။ 

PPST အနေနဲ့လည်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မကြာမီကာလမှာ ဖွဲ့စည်းမယ့်အစိုးရနဲ့  နိုင်ငံရေးကတိကဝတ်ခိုင်မာစွာနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း သဝဏ်လွှာမှာ ရေးသားထားတာတွေ့ရပါတယ်။

နိုဝင်ဘာလ ၂၅ ရက်က  Video Conferencing စနစ်နဲ့ကျင်းပတဲ့   အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(NCA-S EAO)ရဲ့ (၁၂) ကြိမ်မြောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အစည်း အစည်းအဝေးအပြီးမှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ PPST ရဲ့ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ကလည်း အစိုးရသစ်တရားဝင် မဖွဲ့စည်းနိုင်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အလွတ်သဘော တွေ့ဆုံညှိနှိုင်းနိုင်ရေးအတွက် ညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့စည်းပေးနိုင်ခဲ့ကြောင်းနဲ့ တိုင်းရင်းသားပါတီတွေအပါအဝင်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ရဲ့ ရွေးကောက်ပွဲအောင် မြင်မှုအပေါ် ဂုဏ်ပြုအသိအမှတ်ပြုတယ်လို့ ပြောသွားပါတယ်။

နန်းစံပယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013