DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင်  သဘာဝဘေးကြောင့် မိုးသီးနှံ စိုက်ဧက ၁၉၀,၀၀၀ ကျော်ပျက်စီး
DVB
·
November 27, 2020
မကွေးတိုင်းတွင်  သဘာဝဘေးကြောင့် မိုးသီးနှံ စိုက်ဧက ၁၉၀,၀၀၀ ကျော်ပျက်စီး
Donate to DVB

မကွေးတိုင်းအတွင်းမှာ မိုးဦးသီးနှံစိုက်ဧကပေါင်း ၁၉၀,၀၀၀ ကျော်ပျက်စီးခဲ့ပြီး ဆောင်းမြေပဲ ကြားပဲ အထွက်နှုန်းကောင်းမွန်တယ်လို့ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနကနေသိရပါတယ်။

မကွေးတိုင်း စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးလင်းမြတ်က “မိုးဦးကာလမှာ မိုးခေါင်လို့ဖြစ်တဲ့အပြင်၊ ရေကြီးရေလျှံ၊ ကမ်းပြို စတဲ့သဘာဝဘေးတွေကြောင့် သီးနှံ စိုက်ဧကပေါင်း ၁၉၀,၀၀၀ ကျော်ပျက်စီးခဲ့ပြီးတော့ မိုးနှမ်းကတော့ ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်တယ်" လို့ ပြောပါတယ်။

သီနှံပျက်စီးခဲ့တဲ့ တောင်သူတွေအတွက် နိုင်ငံတော်အနေနဲ့ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းက သီးနှံအမျိုးအစား ဧကအလိုက်ထောက်ပံပေးတာတွေလုပ်ဆောင်နေပြီး အခုနှစ်မှာလည်း စာရင်းပေးပို့ထားပြီးတော့ မကြာခင် ထောက်ပံ့ပေးတော့မယ်လို့ဆိုပါတယ်။

ဆောင်းရာသီ သီးနှံမျိုးစုံ စိုက်ပျိုးဖို့ လျာထားချက်ကတော့ ဧက ၉၃၀,၀၀၀ လောက်ရှိပြီးတော့ ၆၅ ရာခိုင်နှုန်း စိုက်ပျိုးထားကာ ဆောင်မြေပဲ(ကြားပဲ)ကတော့ အထွက်နှုန်းကောင်မွန်တယ်လို့ တိုင်းဒေသကြီးဦးစီးမှူးက ပြောပါတယ်။

မကွေးမြို့နယ် ကံစွယ်ကျေးရွာက ဒေသခံတောင်သူ ဦးမြင့်စိုးက "ပြီးခဲ့တဲ့နှစ်ကတော့ ဆောင်းပဲ တစ်ဧကကို ၁၅ တင်းလောက်သာထွက်ရှိပြီးတော့ အခုနှစ်မှာ တင်း ၂၀ ကနေ ၂၅ တင်းထိ ထွက်ရှိတာကြောင့် အထွက်နှုန်းကောင်းတယ်လို့" ပြောပါတယ်။

မကွေးမြို့က ပွဲရုံလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါ်မြဝေကတော့ ဆောင်းပဲအတွက်နှုန်း ကောင်းမွန်ပြီး လက်ရှိ တစ်တင်းကို ကျပ် ၁၁,၀၀၀ ပေါက်ဈေးရှိကြောင်းနဲ့ မနက်က  ကျပ် ၁၂၀၀၀ ပေါက်ဈေးရှိလို့  စျေးကွက်အနေထား သိပ်မကွာဘူးလို့ ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ သီးနှံမျိုးစုံ စိုက်ဧက ၃၁ သိန်းလောက်ရှိပြီး  ဆီထွက်သီးနှံဖြစ်တဲ့ နှမ်းနဲ့ ပဲအမျိုးမျိုးကိုအဓိက စိုက်ပျိုးကြတယ်လို့ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနကနေ သိရပါတယ်။

မင်းထီး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013