DVB Logo
Home
မြန်မာသတင်း
ငါးသိုင်းချောင်းမြို့ရှိ အပေါင်ဆိုင်က အ​ပေါင်​ခံထားသည့် စက်ဘီးနှင့် ဆိုက်​ကားများ အခမဲ့ပြန်ပေး
DVB
·
November 25, 2020
ငါးသိုင်းချောင်းမြို့ရှိ အပေါင်ဆိုင်က အ​ပေါင်​ခံထားသည့် စက်ဘီးနှင့် ဆိုက်​ကားများ အခမဲ့ပြန်ပေး
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့မှာ လိုင်စင်ရအပေါင်ဆိုင် တစ်ဆိုင်က အပေါင်လာအပ်နှံထားတဲ့ ဆိုက်ကားနဲ့ စက်ဘီးတွေကို နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက စတင်ကာ အခမဲ့ပြန်လည်းပေးအပ်နေပါတယ်။

အောင်ဆန်းရပ်ကွက်၊ ဘုရင့်နောင်လမ်းမှာ ဖွင့်ထားတဲ့ အပေါင်ဆိုင်မှာ ကိုဗစ်ကာလ အခြေခံလူတန်းစာတွေကို ထောက်ပံ့တဲ့အနေနဲ့ သူတို့ လာရောက်ပေါင်နှံထားတဲ့ ဆိုက်ကား စက်ဘီးတွေကို အပေါင်လက်မှတ်ပြတာနဲ့ ပြန်လည်ထုတ်ပေးနေတာလို့ အပေါင်ဆိုင်ပိုင်ရှင် မခင်မာကြူက ပြောပါတယ်။

"မနေ့ကစပြီးတော့ လုပ်ဖြစ်တာပါ။ အဓိက ကိုဗစ်ကာလမှာ အခြေခံလူတန်းစားတွေကို ထောက်ပံ့ချင်တာပါ။ အဲ့တာကြောင့် ဆိုင်မှာ လာပေါင်ထားတဲ့ ဆိုက်ကားနဲ့ စက်ဘီးတွေကို အပေါင်လက်မှတ်ပြတာနဲ့ ပြန်ပြီး အခမဲ့ပေးနေ တာပါ" လို့ ပြောပါတယ်။

အပေါင်ခံထားတဲ့ ဆိုက်ကားနဲ့ စက်ဘီးတွေများတဲ့အတွက် ၁ ဦးစီ လိုက်မပြောနိုင်တော့လို့ မနေ့က နေ့လည်ပိုင်းမှာ အပေါင်အပ်နှံထားသူတွေအနေနဲ့ ဆိုင်မှာ အပေါင်လက်မှတ်ပြလာထုတ်နိုင်ကြောင်းကို လူမှုကွန်ယက်စာမျက်နှာကနေ ဖော်ပြခဲ့ရတယ်လို့ ဆိုပါတယ်။

အပေါင်ဆိုင်မှာ လာရောက်ပေါင်နှံထားတဲ့ ဆိုက်ကားနဲ့ စက်ဘီးအစီးရေ ၁၀၀ ဝန်းကျင် ရှိပြီး လာရောက်ထုတ်ယူဖို့အတွက် တော်တော်များများ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ကာလမှာ ခုလို ပေါင်နှံထားတဲ့ ဆိုက်ကားနဲ့ စက်ဘီးတွေကို အခမဲ့ပြန် ထုတ်ပေးတဲ့အတွက် လာရောက်ထုတ်ယူသူတွေက ဆိုင်ရှင်အပေါ် ဆုတောင်း မေတ္တာပို့တာတွေလည်း ပြုလုပ်ပေးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013