DVB Logo
Home
မြန်မာသတင်း
HIV/AIDS ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအောင်မြင်၊ အသစ်ဖြစ်ပွားမှု ၃၆ ရာနှိုင်းလျှော့ချနိုင်
DVB
·
November 20, 2020
HIV/AIDS ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအောင်မြင်၊ အသစ်ဖြစ်ပွားမှု ၃၆ ရာနှိုင်းလျှော့ချနိုင်
Donate to DVB

မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းတွေ အောင်မြင်ပြီး  HIV အသစ်ဖြစ်ပွားမှုမှာ ၂၀၁၀ ပြည့်နှစ်နဲ့ နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့သလို HIV/ AIDS နဲ့ နှီးနွှယ်ရောဂါတွေကြောင့် သေဆုံးမှုကိုလည်း ၅၂ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူက ပြောပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့၊ နေ့လယ်ပိုင်းက ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပတဲ့ “The Ministerial Meeting of the Global HIV Prevention Coalition (GPC)” ကမ္ဘာလုံးဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေ;မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့တာပါ။

၂၀၂၀ ပြည့်နှစ်မှာ ဇွန်လကုန်ထိ HIV ပိုးနဲ့ နေထိုင်သူ ခန့်မှန်းဦးရေ ၂၄၀,၀၀၀ အနက် ၇၉ ရာခိုင်နှုန်း အား အေအာတီဆေးနဲ့ ကုသမှုပေးနိုင်ခဲ့ပြီး မိခင်မှကလေးကို HIV ပိုး ကူးစက်မှုမှ ကာကွယ်ရေးစီမံချက်အား ၃၂၆ မြို့နယ် အထိ လွှမ်းခြုံနိုင်ခဲ့ပါတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ၏ HIV/ AIDS၊ တီဘီနဲ့ ငှက်ဖျား ရောဂါ တိုက်ဖျက်ရေးစီမံတွေအတွက် Global Fund အဖွဲ့က ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၇၆.၁ သန်း ထောက်ပံ့ပေးခဲ့ပြီး HIV/ AIDS ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ UNAIDS အဖွဲ့က နည်းပညာအထောက်အပံ့ပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၁-၂၃ ခုနှစ် HIV/ AIDS ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ဖို့ အမေရိကန် ဒေါ်လာ ၁၂၈.၇ သန်း ထပ်မံထောက်ပံ့ပေးဖို့ သဘောတူညီထားတဲ့အတွက် ကျေးဇူးတင်ရှိတယ်လို့ ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ HIV ပိုးနဲ့ နေထိုင်သူတွေ ၈၅ ရာခိုင်နှုန်းမှာ အိပ်ခ်ျအိုင်ဗွီပိုးရှိနေတေဲ့ အခြေအနေကိုသိရှိပြီး အဲဒီထဲက ၉၁ ရာခိုင်နှုန်းမှာ အေအာတီဆေးနဲ့ လက်ရှိ ကုသမှုခံယူနေပြီး ပိုးကောင်ရေ စစ်ဆေးမှုခံယူသူတွေထဲက ၉၄ ရာခိုင်နှုန်းမှာ ပိုးကောင်ရေ ထိရောက်စွာ ထိန်းချုပ်နိုင်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်အနေနဲ့ ရောဂါကူးစက် ဖြစ်ပွားမှုနှုန်း မြင့်မားနေတဲ့ ဒေသတွေမှာ ဦးတည်အုပ်စုဝင်တွေနဲ့ အခြားလူအုပ်စုတွေပါ ရောဂါ ကာကွယ်ရေးလုပ်ငန်း ထိထိရောက်ရောက် ရရှိနိုင်စေဖို့၊ HIV ကာကွယ်ရေးလုပ်ငန်းတွေကို အသက်အရွယ်အပိုင်းအခြားမရှိ လူတိုင်းလက်လှမ်းမD ရွေးချယ် ရရှိနိုင်ကြစေဖို့၊ မူးယစ်ဆေးထိုးသွင်းသုံးစွဲမှုရဲ့ ဆိုးကျိုးတွေကို လူတိုင်းသိရှိပြီး လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို  လူတိုင်းလက်လှမ်းမီရရှိစေဖို့၊ အဓိကဦးတည်အုပ်စုတွေနဲ့ လူငယ်လူရွယ်တွေကြား HIV ကာကွယ်ရေးလုပ်ငန်းတွေကို ၉၅ ရာခိုင်နှုန်းအထိ လက်လှမ်းမှီ ရရှိစေဖို့ စတာတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

HIV/ AIDS ရောဂါ ကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေကို တနိုင်ငံလုံးလွှမ်းခြုံမှု ရရှိအောင်ဆောင်ရွက်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဆက်လက် ကူညီထောက်ပံ့ ပေးသွားကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။

အမျိုးသားမဟာဗျူဟာစီမံကိန်းအသစ် (၂၀၂၁-၂၀၂၅) နဲ့ HIV/ AIDS ရောဂါကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေ ပိုမိုလွှမ်းခြုံနိုင်ဖို့ HIV ပိုးနဲ့နေထိုင်သူတွေအပြင် ပြည်သူလူထု တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကလည်း အလွန်အရေးကြီးကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အစည်းအဝေးကို Global HIV Prevention Coalition (GPC) အဖွဲ့ဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံက ကျန်းမာရေးဝန်ကြီးတွေနဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013