DVB Logo
Home
မြန်မာသတင်း
ဧရာ၀တီတိုင်း၌ ၁၀ ရက်အတွင်း ကိုဗစ်လူနာ ၅၀၀ ကျော် တွေ့ရှိ
DVB
·
November 19, 2020
ဧရာ၀တီတိုင်း၌ ၁၀ ရက်အတွင်း ကိုဗစ်လူနာ ၅၀၀ ကျော် တွေ့ရှိ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးမှာ နိုဝင်ဘာလ ၁၉ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး နိုဝင်ဘာ ၉ ရက်ကနေ ၁၉ ရက်နေ့ထိ ၁၀ ရက်အတွင်း အတည်ပြုလူနာ ၅၀၁ ဦး ထပ်တိုးလာတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ဧရာဝတီတိုင်းမှာ ၁၀ ရက်အတွင်း ထပ်တိုးခဲ့တဲ့ အတည်ပြုလူနာ ၅၀၁ ဦးမှာ ရန်ကုန်က ပြန်လာသူတွေနဲ့ ပိုးတွေ့လူနာနဲ့ထိတွေ့ခဲ့လို့ အသွားအလာကန့်သတ်ထားသူတွေမှာ တွေ့ရှိတာ များတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ သီဟအောင်က DVB ကို ပြောပါတယ်။

"အတည်ပြုလူနာတွေထဲမှာတော့ ပိုးတွေ့တဲ့ လူနာထိတွေ့ခဲ့လို့ စစ်ဆေးချိန်မှာ တွေ့တာ များတယ်။ နောက် ရန်ကုန်ပြန်တွေလည်း ရှိတယ်၊ အနံ့ပျောက်လို့ စစ်ဆေးတဲ့အခါ တွေ့တဲ့ လူဦးရေကတော့ နည်းပါတယ်" လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ တွေ့ရှိမှုများလာတာနဲ့ ပတ်သက်ပြီး ဓာတ်ခွဲနမူ နာတွေယခင်ကထက် ပိုပြီး စစ်ဆေးလာနိုင်တာကြောင့် ပိုးတွေ့လူနာတွေ ပိုများလာတာဖြစ်ပြီး ထိတွေ့လူနာတွေကို ထိထိရောက်ရောက်စစ်ဆေး နိုင်တာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ ၁၀ ရက်အတွင်း ပိုးတွေ့လူနာ အများဆုံးရှိလာတဲ့ မြို့နယ်တွေကတော့ မအူပင်၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ ဟင်္သာတ၊ ကျိုတ်လက်နဲ့ ဒေးဒရဲမြို့နယ်တွေမှာ ဖြစ်တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ဧရာဝတီတိုင်းမှာ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၉၂ ဦးတွေ့ရှိလာတဲ့ ဧရာ၀တီတိုင်းမှာ ရောဂါသက်သာလာလို့ ဆေးရုံဆင်းခွင့်ရရှိသူ ၁၄၁၀  ဦးထိရှိပြီး သေဆုံးသူ ၄ ဦးရှိတယ်လို့ သိရပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013