DVB Logo
Home
မြန်မာသတင်း
မဟာချိုင်တွင် အလုပ်လုပ်နေသည့် မြန်မာဇနီးမောင်နှံ ထိုင်းထီ ဘတ် ၁၂ သန်းပေါက် 
DVB
·
November 19, 2020
မဟာချိုင်တွင် အလုပ်လုပ်နေသည့် မြန်မာဇနီးမောင်နှံ ထိုင်းထီ ဘတ် ၁၂ သန်းပေါက် 
Donate to DVB

ဒီလ ၁၆ ရက်နေ့က ထွက်သွားတဲ့ ထိုင်းထီ ပထမဆု ပေါက်ဂဏန်း ၉၇၂၆၆၁ ကို မဟာချိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ဇနီးမောင်နှံက ပထမဆု ၂ စောင် (ဘတ် ၁၂ သန်း) ဖိုး ဆွတ်ခူးရရှိခဲ့ပါတယ်။

ပထမဆု ပေါက်ဂဏန်း ၉၇၂၆၆၁ ကို ရနောင်းမှာ အလုပ်လုပ်တဲ့ ကရင်တိုင်းရင်းသားဇနီးမောင်နှံလည်း ဘတ် ၆ သန်းဖိုး ပေါက်ခဲ့ပြီး ဆုငွေထုတ်ယူခဲ့ပြီးပြီလို့ သိရပါတယ်။

ဆုငွေဘတ် ၁၂ သန်းရမယ့် ဇနီးမောင်နှံဟာ ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်ရှိ ပင်လယ်စာ စက်ရုံတခုမှာ အလုပ်လုပ်နေပြီး စက်ရုံရှေ့မှာ လာရောင်းတဲ့ ထီသည်ထံကနေ ၂ စောင်ဝယ်ယူခဲ့ ကြောင်၊ ထီပေါက်စဉ်ထွက်တဲ့နေ့မှာ ကံထူးစွာ ၂ စောင်လုံးပေါက်တာ သိရပေမယ့် လုံခြုံမှု ရှိအောင် ဘယ်သူ့ကိုမှထုတ်မပြောသေးဘဲ မြန်မာပြည်ပြန်ဖို့ ပစ္စည်းတွေအကုန်ရွှေ့ပြီးကာမှ ဆုငွေသွားထုတ်ဖို့ အေအေစီ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ထံ အကူအညီတောင်းခဲ့တာလို့  အဖွဲ့တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့လင်မယားက ထီပေါက်နေတာကို ထီထွက်တဲ့ရက်မှာပဲ သိတယ်။ သူများတွေ ဆုငွေထုတ်နေတာကို အေးအေးဆေးဆေးထိုင်ကြည့်နေတာ၊ အရမ်းတည်ငြိမ်တယ်၊ ချဲထီထိုးထားတာလည်း ပေါက်တယ်။ အဲဒါက ဘတ် ၁၅၀၀ ဖိုး၊  အဲဒါစက်ရုံမှာ ချဲပေါက်တဲ့ ပုံစံလောက်ပဲပြပြီး မြန်မာပြည်ကို ပစ္စည်းတွေ တဖြည်းဖြည်းချင်းပို့နေတာ၊ ပစ္စည်းတွေ အကုန်ဟိုရောက်တော့မှ မနေ့ကမှ ကျနော်တို့ အဖွဲ့ကိုဆက်သွယ်လာတယ်။ အဲဒါကြောင့် လောလောဆယ် အေအေစီက သူတို့ကိုသွားကြိုလာပြီး လုံခြုံတဲ့တနေရာမှာ စောင့်ရှောက်ထားတယ‌ေ။ ဆုငွေထုတ်ဖို့ကတော့ ဒီရက်ပိုင်းမှာ ထိုင်းအစိုးရရုံးက သုံးလေးရက် ပိတ်ထားတော့ ရုံးဖွင့်မှသွားထုတ်ပေးရမယ့် အနေအထားမှာ ရှိပါတယ်ခင်ဗျ။”

အဆိုပါ ထီပေါက်သူ ဇနီးမောင်နှံမှာ ယခင်က အလုပ်ရုံမှာ သူဌေးက လုပ်အားခရှင်းမပေးလို့ အေအေစီထံ လာရောက်အကူအညီတောင်းခံခဲ့ဖူးပြီး လုပ်အားခပြန်ရရေး ဆောင်ရွက်ပေးခဲ့ရသေး တယ်လို့  ကိုရဲမင်းက ဆက်ပြောပါတယ် ။ 

သူတို့ဇနီးမောင်နှံဟာ ဆုငွေတွေမထုတ်ရသေးလို့ မြန်မာပြည်က နေရပ်လိပ်စာနဲ့ အမည်ကို လည်း ဖော်ပြဖို့ အဆင်မသင့်သေးဘူးလို့ ဆိုပါတယ်။ 

အေအေစီအဖွဲ့အနေနဲ့  ထိုင်းထီပေါက်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဆုငွေထုတ်ဖို့ လိုက်လံ ဆောင်ရွက်ပေးနေတာဟာ ဒီတကြိမ်နဲ့ဆို ၂၂ ဦးမြောက်သွားပြီဖြစ်ပြီး ကံထူးသူမြန်မာ လုပ်သားတွေအစား ဝမ်းသာဂုဏ်ယူမိကြောင်း ကိုရဲမင်းက ပြောသွားပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013