DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံး ကိုဗစ်ကူးစက်ခံရသူ ၇၃၀၀၀ ကျော်၊ ပိုးတွေ့လူနာ ၃၀၀၀ ကျော်သည့်မြို့နယ် ၄ ခု ရှိလာ
DVB
·
November 19, 2020
တနိုင်ငံလုံး ကိုဗစ်ကူးစက်ခံရသူ ၇၃၀၀၀ ကျော်၊ ပိုးတွေ့လူနာ ၃၀၀၀ ကျော်သည့်မြို့နယ် ၄ ခု ရှိလာ
Donate to DVB

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာတနိုင်ငံလုံးအတိုင်း အတာနဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအများဆုံး ၃,၀၀၀ ကျော်ရှိတဲ့ မြို့နယ်ပေါင်း ၄ မြို့နယ်ထိ ရှိလာ ခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီမြို့နယ်တွေကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြောက်ဉက္ကလာပမြို့နယ်၊ မင်္ဂ လာဒုံမြို့နယ်၊ လှိုင်သာယာမြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေဖြစ်ကြပြီး ပိုးတွေ့လူနာဦးရေ ၃,၈၃၉ ယောက်၊ ၃,၆၅၁ ယောက်၊ ၃,၄၀၄ ယောက်၊ ၃,၀၂၄ ယောက်စီ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါ တယ်။

အဲဒီနောက်မှာတော့ ပိုးတွေ့လူနာ ၂,၀၀၀ ကျော်တဲ့ မြို့နယ်တွေအနေနဲ့ ရန်ကုန်တိုင်းမြို့နယ် ၄ ခု ဖြစ်ကြတဲ့ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ရွှေပြည်သာမြို့နယ်တွေက ပိုးတွေ့လူနာဦးရေ ၂,၉၇၃ ယောက်၊ ၂,၂၃၀ ယောက်၊ ၂,၁၆၀ ယောက်၊ ၂,၀၈၉ ယောက်၊ ၂,၀၇၆ ယောက်စီနဲ့ ကူးစက်ခံထား ရတာပါ။

အဲဒီမြို့နယ်တွေနောက်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိတဲ့ မြို့နယ်တွေ အနေနဲ့ သန်လျင်၊ တာမွေ၊ တောင်ဥက္ကလာပ၊ ကြည့်မြင်တိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ကမာရွတ်၊ သာကေတ၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း၊ ရခိုင်ပြည်နယ် မြို့တော် စစ်တွေ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒလ၊ ဗဟန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွေက အစဉ်လိုက်ရပ်တည်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၇ လကျော် ရှိလာခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၇၃,၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၁၈ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၇၃,၃၂၂ ယောက်ရှိလာခဲ့ပြီ ဖြစ်ကာ သေဆုံးသူ ၁,၆၅၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၅၄,၇၆၄ ယောက် ရှိနေပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအတွက် ၅၄,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာအများဆုံးဖြစ်ကာ ဒုတိယနေရာ မှာတော့ ပဲခူးတိုင်း၊ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေက ပိုးတွေ့ လူနာ ၃,၀၀၀ ကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ တ ကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူး စက်ခံရသူစုစုပေါင်း ၅၆ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁ ဒသမ ၃ သန်းကျော်နဲ့ ရောဂါ ပျောက်ကင်းသက်သာသူ စုစုပေါင်း ၃၉ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013