DVB Logo
Home
မြန်မာသတင်း
မအူပင်မြို့တွင် ကိုဗစ်ထောက်ပံ့ငွေမရသူအချို့ ဆန္ဒပြတောင်းဆို
DVB
·
November 18, 2020
မအူပင်မြို့တွင် ကိုဗစ်ထောက်ပံ့ငွေမရသူအချို့ ဆန္ဒပြတောင်းဆို
Donate to DVB

Stay at Home သတ်မှတ်ထားတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မှာ အစိုးရထောက်ပံ့ကြေးငွေ ကျပ် ၄၀,၀၀၀  မရလို့ဆိုပြီး ဒေသခံ ပြည်သူ အယောက်  ၃၀ လောက်ဟာ အမှတ် ၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ နိုဝင်ဘာ ၁၇ ရက်က ဆန္ဒပြခဲ့ပါတယ်။

“ရပ်ကွက်မှာ ဘာဝေဝေမရဘူး။ အလုပ်အကိုင်မဲ့ စားဝတ်နေရေး အဆင်မပြေသူတွေ အများကြီးရှိတယ်။ လက်သင့်ရာတွေပဲ ပေးနေတယ်”လို့ အမှတ် ၁၀ ရပ်ကွက်နေ ဦးအုံးသန်းက ပြောပါတယ်။

အမှတ် ၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ချစ်မင်းထွန်းကတော့ “ရပ်ကွက်ထဲမှာ တရားဝင်လိုက်ကြေညာထားတာပဲ။  ဘယ်သူမှတော့ ချယ်လှယ်နေတာမရှိဘူး။ နိုင်ငံတော်က စထောက်ပံ့ပေးကတည်းက စာရင်းအတိုင်းပဲ ချပေးထားတာဖြစ်တာကြောင့် အေးဆေးဆွေးနွေးလို့ ရပါလျှက်နဲ့  အခုလိုလုပ်တာကတော့ အဆင်မပြေဘူး”လို့  ပြောပါတယ်။

မအူပင်မြို့ ၁၀ ရပ်ကွက်မှာ နိုင်ငံတော်ကပေးတဲ့  ထောက်ပံ့ကြေးတွေကို အခြေခံ လက်လုပ်လက်စား ၃၈၅ ယောက်က ရရှိတယ်လို့  ရပ်ကျေးအုပ်ချုပ်ရေး စာရင်းတွေအရ သိရပါတယ်။

ကိုဗစ်ကာလ စားဝတ်နေရေးအခက်တွေ့နေတဲ့ အခြေခံလူတန်းစား ပြည်သူတွေအတွက် အစိုးရက  စတုတ္ထအကြိမ်အဖြစ် Stay at Home  မြို့နယ်တွေမှာ တစ်အိမ်ထောင်ကို  ကျပ် ၄၀,၀၀၀ ကျပ်နှုန်း၊  တခြားမြို့နယ်တွေမှာတော့ ကျပ် ၂၀,၀၀၀ ကျပ်နှုန်းနဲ့ ထောက်ပံ့နေတာဖြစ်ပါတယ်။

စတုတ္ထအကြိမ် ထောက်ပံ့ကြေးတွေပေးရာမှာ ကျန်နေခဲ့သူတွေအတွက် တိုင်ကြားနိုင်တဲ့ဌာနကို စတင်ဖွင့်လှစ်ထားပြီး ထောက်ပံ့ကြေး မရရှိသူတွေ တိုင်ကြားနိုင်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013