DVB Logo
Home
မြန်မာသတင်း
Stay at Home သတ်မှတ်ထားခြင်းမရှိသည့်နေရာများ၌ ဘုရားဖူးမြော်ခွင့်ပြုနိုင်ရေး ဆွေးနွေး
DVB
·
November 18, 2020
Stay at Home သတ်မှတ်ထားခြင်းမရှိသည့်နေရာများ၌ ဘုရားဖူးမြော်ခွင့်ပြုနိုင်ရေး ဆွေးနွေး
Donate to DVB

Stay at Home သတ်မှတ်ထားခြင်း မရှိတဲ့  တိုင်းဒေသကြီး / ပြည်နယ်တွေရှိ တန်ခိုးကြီးဘုရား၊ ပုထိုး၊ စေတီတွေကို နေ့စဉ်မနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် လူဦးရေ ကန့်သတ်ချက်နဲ့  ဖူးမြော်ခွင့် ပြုနိုင်ရေးဆွေးနွေးနေတယ်လို့ အစိုးရထုတ်ပြန်ချက်အရသိရပါတယ်။

နိုဝင်ဘာ ၁၇ ရက်က မနက်က  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝင်ကြီးတွေ ပါဝင်တက်ရောက်တဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီအစည်းအဝေးမှာဆွေးနွေးခဲ့တာလို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပါတယ်။ 

အစည်းအဝေးမှာ Stay at Home သတ်မှတ်ထားခြင်းမရှိတဲ့ မြို့နယ်တွေရှိ (A) အဆင့်သတ်မှတ်ခြင်းခံရတဲ့ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို အခု နိုဝင်ဘာလကုန်မှာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရေး၊ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအပေါ် မူတည်ပြီး  နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး / ပြည်နယ်တွေရှိ Stay at Home သတ်မှတ်ထားခြင်း မရှိတဲ့ မြို့နယ်တွေရှိ  ဘုရား၊ ပုထိုး၊ စေတီတွေ ဖူးမြော်ခွင့်နဲ့ ဘုန်းကြီးကျောင်း၊ ဗလီ၊ Church ကျောင်းတွေမှာ ဉပုသ်သီလဆောက်တည်၊ ဝတ်ပြုဆုတောင်းတာတွေကို တစ်လကို လေးကြိမ် လူဦးရေ ၃၀ ထက် မပိုဘဲ ခွင့်ပြုနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရှိရေးနဲ့ ကိုဗစ် - ၁၉ ရောဂါ ဖြစ် ပွားမှုအပေါ် မူတည်ပြီး ချက်ချင်း ပြန်လည်ရပ်ဆိုင်းဖို့ ကိစ္စတွေကိုဆွေးနွေးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၅ ရက်မှာ ကျရောက်မယ့် ခရစ်စမတ်ပွဲတော်နဲ့ ဒီဇင်ဘာ ၃၁ ရက် နိုင်ငံတကာ နှစ်သစ်ကူး ပွဲတော် နေ့တွေမှာ  Church ကျောင်းတွေမှာ ဝတ်ပြုဆုတောင်းတာကို လူ ၅၀ ထက် မပိုစေဘဲ ခွင့်ပြုနိုင်ရေး၊ ခရစ်စမတ်ပွဲတော်ကာလမှာ လူအများစုဝေးပြီး နေအိမ်တွေမှာ သီချင်းများလိုက်လံ သီဆို ဆုတောင်းခြင်းတာကို ခွင့်မပြုဘဲ Church ကျောင်းတွေမှာ ဝတ်ပြုဆုတောင်းသီဆိုတာကိုသာ ခွင့်ပြုဖို့ လိုအပ်တဲ့ ကျန်းမာရေးစံသတ်မှတ်ချက်တွေ ညှိနှိုင်းရေးဆွဲရေး ၊ ခရစ်စမတ် ပွဲတော်နဲ့  နိုင်ငံတကာနှစ်သစ်ကူးပွဲတော်အကြိုကာလမှာ ပြည်သူတွေ စိတ်ပျော်ရွှင် ချမ်းမြေ့ စေဖို့ ဖျော်ဖြေရေး ကဏ္ဍအစီအစဉ်တွေ၊ သီချင်းဆိုပြိုင်ပွဲနဲ့ အငြိမ့်ဖျော်ဖြေပွဲတွေကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအစီအစဉ်နဲ့ တခြားရုပ်သံလိုင်းတွေကနေ ထုတ်လွှင့်ပြသနိုင်ရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အထွေထွေရွေးကောက်ပွဲအပြီး လူစုလူဝေးတွေ ဖြစ်ပေါ်ခဲ့လို့ နိုဝင်ဘာလကုန် ရက်သတ္တပတ်ကာလမှာ ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်မှု မရှိစေဖို့ ကိုဗစ် - ၁၉ ရောဂါကာကွယ် တားဆီးရေးအစီအမံတွေ ကြိုတင်ဆောင်ရွက်ထားရှိရေး၊ ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရမှုကြောင့် ဆေးရုံတက်နေတဲ့ လူနာတွေထဲက ဆေးရုံဆင်းခွင့်ပြုနိုင်တဲ့ လူနာတွေကို ဆောလျင်စွာ ဆေးရုံ ဆင်းခွင့်ပေးနိုင်ရေး၊ အအေးပိုင်းဒေသတွေမှာ ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေဖို့ ထိန်းသိမ်းဆောင်ရွက်သွားရေး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ် - ၁၉ ရောဂါကုသရေးအတွက် ပြည်စုံစွာ ပြင်ဆင်ဆောင်ရွက်ထားရှိဖို့နဲ့ စိုးရိမ်ရတဲ့ လူနာ ဖြစ်ပါက မိသားစု / ဆွေမျိုးတွေထဲက  လူနာ စောင့်တစ်ဦး လိုက်ပါစောင့်ရှောက်နိုင်ရန် ခွင့်ပြုပေး ရေးကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် နိုင်ငံတော်မှ စတုတ္ထအကြိမ် ငွေကြေးထောက်ပံ့နေမှုအပေါ် မလိုလားသူတွေက ဦးဆောင်ပြီး လူစုလူဝေးနဲ့ ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်နေရာမှာ  အဆိုပါအဖွဲ့မှ ဦးဆောင်သူတွေကို ဖော်ထုတ်ပြီး ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားဖို့၊  လိုက်ပါဝန်းရံသူတွေ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေဖို့ ပညာပေးဟောပြောမှုတွေ ဆောင်ရွက်သွားရေး၊ နိုဝင်ဘာ ၂၁ ရက် မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ ကာလအတွင်း ပြည်သူတွေ နေအိမ်မှာ နေထိုင်ဖို့ ပန်ကြားချက် ထုတ်ပြန်သွားဖို့ ကိစ္စတွေလည်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင်  ကနဦး မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်ဝန်ဆောင်မှုပြုနိုင် ရေး၊ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေကို ကိုဗစ် - ၁၉ ဖြစ်ပွားမှုအပေါ် မူတည်ပြီး ဖြေလျော့ပေးနိုင်ရေး၊ ပြည်တွင်းလေယာဉ်ခရီးစဉ်တွေ ပြန်လည်ပြေးဆွဲခွင့်ပြုနိုင်ရေး၊ နေပြည် တော်ကောင်စီ၊ တိုင်းဒေသကြီး ပြည်နယ်တွေကို ခရီးသွားဖို့ အကြောင်းကိစ္စပေါ်ပေါက်ပါက သက် ဆိုင်ရာ ကျန်းမာရေးဌာနတွေက ဆေးစစ်ဆေးမှုခံယူပြီး ပိုးမရှိပါက သွားလာစေရေး၊ ပိုးမရှိ ကြောင်း ထောက်ခံချက်ပါရှိပါက ရောက်ရှိနေရာရှိ စစ်ဆေးရေးဂိတ်တွေမှာ ပြသပြီး ကျန်းမာရေး စစ်ဆေးတာနဲ့ ကွာရန်တင်းဝင်တာ မပြုစေတော့ဘဲ သွားလာခွင့်ပြုရေးတို့နဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးကြတယ်လို့ အစိုးရသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါအစည်းအဝေးသို့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ  ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးမင်းသူ၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ဦးသိန်းဆွေ၊ ဒေါက်တာ မြင့်ထွေး၊ ဒုတိယဝန်ကြီးတွေဖြစ်တဲ့  ဦးဆက်အောင်၊ ဦးကျော်မျိုး၊ ဗဟိုကော်မတီအတွင်းရေးမှူးတွေဖြစ်တဲ့ ဦးဇော်သန်းသင်းနဲ့ ဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013