DVB Logo
Home
မြန်မာသတင်း
ဘုတ်ပြင်း၊ လန်ပိကျွန်းအနီး ရေပြင်တွင် ကျောက်ငါးများ အသက်ရှင်လျ​က်မျောပါနေ
DVB
·
November 16, 2020
ဘုတ်ပြင်း၊ လန်ပိကျွန်းအနီး ရေပြင်တွင် ကျောက်ငါးများ အသက်ရှင်လျ​က်မျောပါနေ
1 / 7
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်ရှိ အဏ္ဏဝါအမျိုးသား ဥယျာဉ် လန်ပိကျွန်းအနီး ရေပြင်မှာ ကျောက်ငါးတွေ ရေပြင်ပေါ်မှာ သက်ရှင်လျ​က် မျောပါနေတာ တွေ့ရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဒီလိုငါးတွေရေပေါ်ပြီးအသက်ရှင်လျက်မျောပါနေတာဟာ အောက်တိုဘာ ၂၀ ရက်လောက်ကတည်းကဖြစ်ပြီး  ကျွန်းတကျွန်းတည်းမှာဖြစ်တာမျိုး မဟုတ်ဘဲ အနီးဝန်းကျင် တခြားကျွန်းတွေမှာပါ အများအပြားထပ်မံတွေရှိလာတယ်လို့ မကြုံကလက်ကျေးရွာနေ ကိုထွန်းက ပြောပါတယ်။

ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးသန့်ဇင်က “ကျနော်တို့ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရနဲ့ ဒေသခံတွေပြောကြားချက်တွေအရ‌ စစ်ဆေးကြည့်တဲ့အခါမှာ ရေပေါ်ပေါ်နေတာ ကျောက်ငါးတစ်မျိုးတည်း အများဆုံးတွေ့ရတယ်၊ ဒဏ်ရာဒဏ်ချက် မရှိဘူး၊ မျောပါနေချိန်မှာအသက်ရှင်​​ပြီး အမြီးနဲ့ ရေယက်တွေ လှုပ်ရှားနိုင်နေတာ တွေ့ရတယ်။ အာခေါင်သည်အဝါရောင်သန်းလျက်ရှိပြီး ဆီဖေါင်းပြူထွက်နေမှု မရှိဘူး၊ မနက်ပိုင်းဆယ်ယူရရှိတဲ့ ၂ ကီလိုအရွယ်ကျောက်ငါးကို ပင်လယ်ရေထဲထည့်ထားရာမှာ ရှစ်နာရီခန့် အထိ ရှင်နေတယ်။ သေဆုံးချိန်မှာ ပဟတ်အရောင်ပြောင်းသွားတယ်။ အတွင်းကလီစာတွေမှာ အစာမတွေ့ရဘူး၊ လှောင်အိမ်နဲ့မွှေးတဲ့ ကျောက်ငါးတွေ သေဆုံးမှုမရှိဘူးဆိုတာ တွေ့ရတယ်။ ကျနော်တို့ဌာနက ဓာတ်ခွဲသုတေသနပြုဖို့အတွက် ငါးနမူနာ ၂ကောင်၊ ရေနမူနာ ၃ ဘူး (ရေအနက်မီတာအလိုက်)တွေကို ရန်ကုန်မြို့ရှိ အဏုစိတ်သရုပ်ခွဲခြင်းဆိုင်ရာ ဓာတ်ခွဲခန်းများဌာန၊ ငါးရောဂါဌာနကို နမူနာတွေပို့ထားတယ်။ အဖြေထွက်လာရင် ထုတ်ပြန်ပေးသွားမှာဖြစ်တယ်”လို့ ပြောပါတယ်။

ဒီလိုမျောပါနေတဲ့ကျောက်ငါးတွေကို ဒေသခံရွာသားတွေကဆယ်ယူပြီး ချက်ပြုတ်စားသောက်နေကြရာမှာ လက်ရှိအချိန်အထိတော့ ဘေးအန္တရာယ် ဖြစ်ပွားသူ မရှိသေးဘူးလို့လည်း သိရပါတယ်။

သန္တာကျောက်တန်းတွေမှာသာနေတဲ့ ငါး​​တွေရေပေါ် ပေါ်နေ​တာ ထူးခြားနေတဲ့အတွက် တတ်ကျွမ်းသည့် ပညာရှင်တွေကိုယ်တိုင် လာရောက်လေ့လာ စစ်ဆေးပေးဖို့ ဒေသခံတွေ လိုလားနေပါတယ်။

သတင်း- လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013