Homeမြန်မာသတင်း
ယူနန်ပြည်နယ်က မန္တလေးတိုင်းအစိုးရကို သိန်း ၈၀၀၀ တန်ဖိုးရှိ ကိုဗစ်ကာကွယ်ရေးပစ္စည်းများ လှူဒါန်း
ယူနန်ပြည်နယ်က မန္တလေးတိုင်းအစိုးရကို သိန်း ၈၀၀၀ တန်ဖိုးရှိ ကိုဗစ်ကာကွယ်ရေးပစ္စည်းများ လှူဒါန်း
DVB
·
November 15, 2020

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရဟာ မန္တလေးတိုင်းအစိုးရအဖွဲ့ကို မြန်မာငွေကျပ်သိန်း ၈၀၀၀ တန်ဖိုးရှိတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းတွေ လှူဒါန်းလိုက်ပါတယ်။
ယူနန်ပြည်နယ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စတင် ဖြစ်တဲ့အချိန်ကစပြီး မန္တလေးတိုင်း အစိုးကို ရောဂါကာကွယ်ထိန်းချုပ်ရေးပစ္စည်းတွေ ပံ့ပိုးကူညီခဲ့သလို ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာန တည်ဆောက်ပြီး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ယူနန်ပြည်နယ်က အထူးလုပ်ငန်းအဖွဲ့ ပညာရှင်တွေနဲ့ ဓာတ်ခွဲခန်းစက်ပစ္စည်းကိရိယာတွေ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ မနေ့က ပစ္စည်းတွေလက်ခံတဲ့ အခမ်းအနားမှာ တိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါတွေဟာ ကြီးမားတဲ့ ချစ်ကြည်ရေးသမိုင်းမှတ်တိုင် တခုဖြစ်ပြီး ယူနန်ပြည်နယ်အစိုးရနဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့တို့အကြား သမိုင်းအစဉ်အလာ ကြီးမားတဲ့ ရင်းနှီးချစ်ကြည်မှု ဆက်ဆံရေးကို ပိုပြီး တိုးမြှင့်သွားမယ်လို့လည်း ပြောပါတယ်။
မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ် Mr.Chen Chen ကလည်း ဒါဟာ ယူနန် ပြည်နယ်အစိုးရကနေ မန္တလေးတိုင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းတွေဖြစ်တဲ့ အသက်ရှူစက်၊ PPE ဝတ်စုံနဲ့ နှာခေါင်းစည်းတွေ တတိယအကြိမ်မြောက် လှူဒါန်းတာဖြစ်ပြီး အခုဖြစ်နေတဲ့ ကပ်ရောဂါကို မြန်မာနိုင်ငံအစိုးရက ကြိုးစားပြီး ထိန်းချုပ်တိုက်ဖျက်နေသလို တရုတ်နိုင်ငံအနေနဲ့လည်း အိမ်နီးချင်းကောင်း မြန်မာနိုင်ငံကို အကူအညီတွေ ဆက်ပေးသွားမယ်လို့ ပြောပါတယ်။
Photo : Myanmaalinn