DVB Logo
Home
မြန်မာသတင်း
မေခလာ သီချင်းကို ဝတ်ရည်ထက် သီဆိုဟန်ဖြင့် ရှုစားကြရမည့် “ကိုကိုရေ နွေရောက်ပြီ” သီချင်း (ရုပ်သံ)
DVB
·
November 14, 2020
မေခလာ သီချင်းကို ဝတ်ရည်ထက် သီဆိုဟန်ဖြင့် ရှုစားကြရမည့် “ကိုကိုရေ နွေရောက်ပြီ” သီချင်း (ရုပ်သံ)
Donate to DVB

“ပုံပြင်လေးတပုဒ် ဖြစ်ခဲ့ပါပြီ… သူလေ ကျမနဲ့ ဝေးသွားခဲ့ကြပြီ… အဓိပတိလမ်းမမှာလေ ကျေးငှက်ကလေးများငိုပြီ… သစ်ရွက်ခြောက်တို့ ကြွေလေပြီ… ဖော်ကွာသူ ရင်အပူကို ဆူအောင်ပြုနေသည်… အိုးဟိုး… ဝေဒနာရာသီ တနှစ်ပြောင်းပြန်ပြီ… သစ္စာစကားတွေ ဘယ်ဆီ ပြေးလွှားပျောက်ကွယ်ပြီ… ဘယ်သူတွေကို ရင်ဖွင့်မလဲ… မေ တယောက်တည်း ပစ်ထားခဲ့သူ… ကိုကိုရေ နွေရောက်ပြီ… ကိုကိုရေ နွေရောက်ပြီ”

ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက တချိန်က နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ တက္ကသိုလ်အလွမ်းဖွဲ့ သီချင်းတပုဒ်မှန်း သိကြပြီး ဖြစ်မှာပါ။

ဒီသီချင်းကိုတော့ တေးရေးအဆိုတော် ကိုင်ဇာက ရေးစပ်ပေးထားခဲ့ပြီး အဆိုတော် မေခလာရဲ့ သီဆိုမှုနဲ့ ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ခဲ့ပြီး “ကိုကိုရေ နွေရောက်ပြီ”နာမည်နဲ့ပဲ အဆိုတော် ဇော်ဝမ်းနဲ့ စုံတွဲတေးအယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။

ခုတခါမှာတော့ ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲမှာ လူငယ်အဆိုတော် ဝတ်ရည်ထက်ရဲ့ သီဆိုဟန်နဲ့ တကျော့ပြန် ရှုစားနားဆင်ခဲ့ကြရတာ ဖြစ်ပါတယ်။

ဝတ်ရည်ထက်ဟာ ၂၀၁၁ ခုနှစ် The Best Of Melody World ဆုရှင်ဖြစ်ပြီး အတွဲ သီချင်းတွေရော၊ တကိုယ်တော်တေးသီချင်းအယ်လ်ဘမ်တွေပါ ထွက်ရှိခဲ့ပြီးဖြစ်ကာ ရုပ်ရှင်ဇာတ်ဝင်သီချင်းတွေမှာလည်း သီဆိုနေတာ ဖြစ်ပါတယ်။

ချိုချိုအေးအေး သီချင်းတွေနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ တေးသံရှင် ဝတ်ရည်ထက်ရဲ့ ဒီသီချင်းထဲမှာတော့ လမ်းခွဲသွားတဲ့ ချစ်သူကို နွေရာသီရောက်တိုင်း လွမ်းဆွတ် တမ်းတရတဲ့အကြောင်းကို သူ့ရဲ့ ဆိုဟန်အတိုင်း ပရိသတ်တွေက ဆွေးဆွေးမြည့်မြည့် နားဆင်ခံစားနိုင်မှာ ဖြစ်ပါတယ်။

“ကြင်သူဝေးမှ ဆွေးတတ်လာပြီ… ရင်မှာ ဦးဆုံးပွင့်ခဲ့ ပန်းတပွင့်သည်… အတားအဆီးလေးများ မကျော်မီ… ငြိမ်းချမ်းရေးသို့  မတိုင်မီ… လမ်းခွဲသွားလို့ ရင်နာသည်… ပျော်ရွှင်ဖွယ် ရင်ခုန်ချိန်တွေ ကျော်လွန်ခဲ့ပါပြီ… အိုးဟိုး… ဝေဒနာရာသီ တနှစ်ပြောင်း ပြန်ပြီ… ဟိုးပင်ဖျားမှာ… နွေဥဩလေး… တေးသံသီ… ရင်နာတာကို ပိုစေပြီ… ရှောင် ဖယ်အဝေး… ထွက်ပြေးခဲ့သူ… ကိုကိုရေ နွေရောက်ပြီ… ကိုကိုရေ နွေရောက်ပြီ”

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ဂုဏ်ပြုအထိမ်းအမှတ် ဂီတဖျော်ဖြေပွဲတွေကို အောက်တိုဘာ ၁၆ ရက်ညပိုင်းက စတင်ကာ မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။

ဒီဂီတဖျော်ဖြေပွဲမှာတော့ တေးသီချင်းအပုဒ် ၁၀၀ ကို အပတ်စဉ်သောကြာနေ့ည သတင်းအပြီး ည ၉ နာရီအချိန်မှာ ထုတ်လွှင့်ပေးသွားမှာဖြစ်ကာ မြန်မာ့ရုပ်မြင်သံကြား ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

မနေ့က ဖျော်ဖြေပွဲပွဲစဉ် ၅ မှာတော့ Lucky Hand နဲ့ The Trees တေးဂီတအဖွဲ့တွေနဲ့အတူ နာမည်ကြီးအဆိုတော်တွေဖြစ်ကြတဲ့ စိန်ဝင်းထွန်း၊ အက်စ်ကဲနက်၊ ဂျေမောင်မောင်၊ ဖြိုးကြီး၊ ဇော်ပိုင်၊ ဖိုးကာ၊ ကျော်သီဟ၊ စောလားထော်ဝါး၊ သန်းသန်းနွယ်၊ ယုဇန၊ ရတနာမိုင်၊ ကေကေမိုး၊ ဝတ်ရည်ထက်နဲ့ ဖူးဖူးသစ်တို့က ပါဝင်သီဆိုဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013