DVB Logo
Home
မြန်မာသတင်း
ဝတ်ရည်ထက်၊ အောင်ကောင်းမြတ်တို့ စုံတွဲပြန်သီဆိုထားသည့် “သီချင်းဧည့်သည်”(ရုပ်သံ)
DVB
·
August 13, 2020
ဝတ်ရည်ထက်၊ အောင်ကောင်းမြတ်တို့ စုံတွဲပြန်သီဆိုထားသည့် “သီချင်းဧည့်သည်”(ရုပ်သံ)
Donate to DVB

       “အဆောင်ရှေ့က သီချင်းသံ တမ်းတနေမိတယ်… ဟိုအရင်အချိန်လေး ဒီလိုည တွေ သူရှိတယ်… လေထဲမှာလွင့် သူ့သီချင်းသံလေး… တမ်းတမိနေတယ်… အချိန်တွေ ကုန်လို့ အချစ်ရောက်မလာရင် ဆွေးရတယ်”

       ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက တချိန်က နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “သီချင်းဧည့်သည်”ရဲ့ တေးသွားစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။

       ကျောင်းသားဘဝအမှတ်တရ ဖြတ်သန်းမှုတွေနဲ့ ဒီသီချင်းကိုတော့ တေးရေး ကိုစ တုန်း၊ ကိုစု၊ စောပိပိတို့က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး အမျိုးသမီးတေးသံရှင် အေးချမ်း မေရဲ့ သီဆိုမှုနဲ့ ဆယ်စုနှစ်နဲ့ချီ ပရိသတ်တွေရင်ထဲ နေရာယူနိုင်ခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ခဲ့ ပါတယ်။

       ခုတခါမှာတော့ ဒီသီချင်းကို မယ်လိုဒီဝေါလ်ဒ်ဆုရှင် အဆိုတော် ဝတ်ရည်ထက်နဲ့ အောင်ကောင်းမြတ်တို့ရဲ့ စုံတွဲသီဆိုမှုနဲ့ တကျော့ပြန် ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။

       “တို့ကျောင်းသွားတဲ့အခါ… တို့နောက်မှာအရိပ်လို… မြင်သာရုံလေး ကွယ်ရာတခု မှာ သူကြည့်နေ… ဖွင့်မပြောပေမယ့် တို့နားလည်တယ်… သူ့အဖြစ်တွေကို ကြာလာ တော့လည်း… နှလုံးသားလေးမှာ တိုးတိတ်ငြိတွယ်… အခုတော့ဘယ်ဆီများ ပြေးပုန်း နေလဲကွယ်… အချစ်ရိပ်တွေလည်း ရှာနေရတာ ရင်မောတယ်… ဒီသီချင်းသံလေး ဒီအ ရိပ်ပုံလေးမရှိခဲ့ရင်လေ… ရှင်သန်မှုများ တို့ရဲ့တနေ့တာ… ခြောက်သွေ့လွန်းတယ်”

       ၀တ်ရည်ထက်ဟာ ၂၀၁၁ ခုနှစ် The Best Of Melody World ဆုရှင်ဖြစ်ပြီး အတွဲ သီချင်းတွေရော၊ တကိုယ်တော်တေးသီချင်းအယ်လ်ဘမ်တွေပါ ထွက်ရှိခဲ့ပြီးဖြစ်ကာ ရုပ် ရှင်ဇာတ်ဝင်သီချင်းတွေမှာလည်း သီဆိုနေတာ ဖြစ်ပါတယ်။

ချိုချိုအေးအေး သီချင်းတွေနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ တေးသံရှင် ဝတ်ရည် ထက်ရဲ့ ဒီသီချင်းထဲမှာတော့ အောင်ကောင်းမြတ်နဲ့အတူ အတွဲညီညီ ဇာတ်လမ်းသရုပ် ဖော်ပုံစံ သီဆို သရုပ်ဆောင်ထားခဲ့တာကို ရှုစားကြရမှာ ဖြစ်ပါတယ်။

ကြည်နူးလွမ်းဆွတ်စရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဒီသီချင်းရုပ်သံကိုတော့ ဒါ ရိုက်တာ Kina က ရိုက်ကူးပုံဖော်ပေးထားခဲ့ပြီး Joox Myanmar ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်ပေါ်ကတဆင့် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။

“ကြုံကြိုက်တဲ့သဘောနဲ့ တို့ရဲ့အဆောင်ရှေ့ကို… သူလာပါလား မျှော်နေမိတယ် သိလားကွယ်… ရင်ဖွင့်နေတဲ့ သူ့သီချင်းသံလေးမကြားရရင်လေ… သန်းခေါင်ယံညများ တမျိုးလေး ရင်ကို နှိပ်စက်တယ်”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013