DVB Logo
Home
မြန်မာသတင်း
ဆရာ၊ဆရာမများအပေါ် USDPက စွပ်စွဲမှုနှင့်ပတ်သက်၍ ကော်မရှင်ထံ တိုင်ကြားမည်
DVB
·
November 12, 2020
ဆရာ၊ဆရာမများအပေါ် USDPက စွပ်စွဲမှုနှင့်ပတ်သက်၍ ကော်မရှင်ထံ တိုင်ကြားမည်
Donate to DVB

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲရုံတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ ဆရာမ တွေကို စွပ်စွဲထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး တောင်းပန်လိုက်ပေမယ့် ခွင့်မလွှတ်နိုင်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားသွားမယ်လို့ ဆရာသမဂ္ဂအဖွဲ့အစည်းတွေက ပြောပါတယ်။

နိုဝင်ဘာလ ၈  ရက်နေ့က နိုင်ငံတဝန်းကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲရုံမှူးတွေ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ ဆရာ ဆရာမတွေဟာ NLD ပါတီ ထောက်ခံသူတွေ ဖြစ်ပြီး ကြားနေ ဆရာ ဆရာမများ မဖြစ်တာကို တွေ့ရတယ်လို့ ကြံ့ခိုင်ရေးပါတီက စွပ်စွဲထုတ်ပြန်ခဲ့တဲ့ အပေါ် ဆရာ သမဂ္ဂတွေ အပါအဝင် ဆရာ ဆရာမ ထုတစ်ရပ်လုံးက ကန့်ကွက်ရှုတ်ချလိုက်တာပါ။

ကွန်ပျူတာရိုက်သူရဲ့မှားယွင်းမှုကြောင့် ဆရာ ဆရာမတွေကို  အခုလို ပြောဆိုခဲ့မှုအပေါ် တောင်းပန်တယ်လို့ ကြံ့ခိုင်ရေးပါတီကနေ နောက်ပိုင်းမှာ ထုတ်ပြန်ချက် ပြန်ထုတ်ခဲ့ပေမယ့်  တောင်းပန်ပုံတောင်းပန် နည်းမမှန်သလို ကွန်ပျူစာရိုက်သူကိုသာ  အပြစ်ပုံချသလို ဖြစ်နေတဲ့အတွက် ခွင့်မလွှတ်နိုင်ဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ်က အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။ 

နိုင်ငံတော်အစိုးရရဲ့ တာဝန်ပေးအပ်မှုကြောင့်  ရွေးကောက်ပွဲတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ ဆရာမတွေဟာ ဘက်လိုက်မှု ကင်းပြီးတော့ ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်နေတဲ့ သူတွေဖြစ်တဲ့အတွက် ကြံ့ခိုင်ရေး ပါတီကနေ ဆရာ ဆရာမတွေကို စွပ်စွဲပြောဆိုတာဟာ ဆရာ ဆရာမတွေရဲ့ ရိုးသားမှုနဲ့ ဂုဏ်သိက္ခာကို မတရားသဖြင့် ထိပါး စော်ကားတာဖြစ်တယ်လို့ ဆရာ သမဂ္ဂတွေက ပြောပါတယ်။ 

ဒါကြောင့် ဆရာ ဆရာမ ထုအပေါ် တရားမဲ့ စွပ်စွဲပြောဆိုတဲ့ ကြံ့ခိုင်ရေး ပါတီတာဝန်ရှိသူတွေကို ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူဆောင်ရွက်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားသွားမယ်လို့ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်မှုဆောင် ကော်မတီ ဦးမင်းမင်းထွဋ်က ပြောပါတယ်။ 

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဆရာ ဆရာမတွေ အပေါ် စွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ် ၊ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်မှုဆောင် ကော်မတီ အပါအဝင် တက္ကသိုလ် ဒီဂရီကောလိပ်တွေ က ဆရာသမဂ္ဂအဖွဲ့တွေကလည်း ကန့်ကွက်ရှုချကြောင်း သဘောထားကြေညာချက်တွေ  ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013