
စစ်အာဏာရှင်သမ္မတ အာဆီယံတွင်း လေးနိုင်ငံမြောက် ခရီးစဉ်အဖြစ် မကြာခင် ကမ္ဘောဒီးယားနိုင်ငံကို ထပ်မံသွားရောက်မှာဖြစ်ပြီး အာဆီယံဆက်ဆံရေး တိုးမြှင့်မယ်လို့ စစ်အာဏာရှင်အစိုးရ ပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။
အခုလက်ရှိ ဗီယက်နမ်ခရီးစဉ်ဟာလည်း အာဆီယံဆက်ဆံရေးကို တဆင့်တိုးမြှင့်တာဖြစ်ကြောင်း ခရီးစဉ်အပြီး စက်တင်ဘာ ၆ ရက်မှာ ပြောဆိုပါတယ်။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ရဲ့ ပိုမိုများပြားလာတဲ့ သံတမန်ရေးရာ အစီအစဉ်တွေကို ဝေဖန်သူတွေက မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ပွားနေဆဲ နိုင်ငံရေးအကျပ်အတည်းနဲ့ ပြည်တွင်း ပဋိပက္ခတွေကြား သူ့အစိုးရရဲ့ နိုင်ငံတကာ ရပ်တည်မှုကို ခိုင်မာစေဖို့နဲ့ အသိအမှတ်ပြုမှု ရရှိအောင် ကြိုးပမ်းမှုတရပ်အဖြစ် ရှုမြင်ကြပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ၂၀၂၆ ခုနှစ် ဧပြီမှာ သမ္မတဖြစ်ပြီးနောက် အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှား၊ ဗီယက်နမ် စတဲ့နိုင်ငံတွေကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။
အဆိုပါ ခရီးစဉ်တွေမှာ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး၊ စစ်ရေး၊ကာကွယ်ရေး၊ ရေနံနဲ့ စွမ်းအင်၊ နျူကလီးယားနည်းပညာ၊ အာကာသနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ရွှေ့ပြောင်းလုပ်သား စတာတွေ ဆွေးနွေးခဲ့ပါတယ်။











