DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို မဲအပြတ်အသတ်နိုင် 
DVB
·
November 9, 2020
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို မဲအပြတ်အသတ်နိုင် 
Donate to DVB

နိုဝင်ဘာ ၈ ရက်မှာ ကျင်းပခဲ့တဲ့  အထွေထွေရွေးကောက်ပွဲမှာ လက်ရှိအစိုးရ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဆန္ဒမဲ အပြတ်အသတ်နဲ့ ပြိုင်ဘက်ကိုယ်စားလှယ်လောင်းတွေကို အနိုင်ရရှိခဲ့တယ်လို့ မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။

အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုဟာ မကွေးတိုင်းဒေသကြီးလွှတ်တော်နေရာအတွက် ပွင့်ဖြူမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ 

အဲဒီ မဲဆန္ဒနယ်မှာဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဆန္ဒမဲ အရေအတွက် ၄၅,၀၁၉ မဲရရှိခဲ့ပြီးတော့ ကြံ့ခိုင်ရေးပါတီက မဲ ၁၃၀၀၀  ကျော်ရရှိကာ တောင်သူလယ်သမားပါတီက ၃၇၈ မဲရရှိခဲ့တာပါ။

ပွင့်ဖြူ တစ်မြို့နယ်လုံးမှာ ဆန္ဒမဲပေးခွင့်ရှိတဲ့သူ ၁၃၀,၀၀၀ ကျော်ရှိပြီးတော့ မဲလာပေးတဲ့သူ ၇၃,၀၀၀ ကျော်ရှိတဲ့အတွက် မဲပေးမှုရာခိုင်နှုန်း  ၆၈ ဒသမ ၇၁ ရာခိုင်နှုန်းရှိတယ်လို့ မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ  ဦးမြင့်ကျော်ကပြောပါတယ်။

မင်းဘူးခရိုင်မှာ မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်အရေတွက် ၅ သိန်းခွဲကျော်ရှိပြီးတော့ ၄၄၀,၀၀၀ ကျော် လာရောက်မဲပေးတဲ့အတွက် ၈၀ ရာခိုင်နှုန်းကျော် လာရောက်မဲပေးတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက် ၃ ရာခိုင်နှုန်းကျော်တိုးလာတယ်လို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။

သတင်း-မင်းထီး

Photo-Dr Aung Moe Nyo

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013