DVB Logo
Home
မြန်မာသတင်း
ဆွေဇင်ထိုက်၊ မင်းထင်ကိုကိုကြီး၊ ထူးပိုင်ဇော်ဦးတို့ အကဲဖြတ်ဒိုင်အဖြစ်ပါဝင်မည့် ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲ ဖိတ်ခေါ်
DVB
·
November 9, 2020
ဆွေဇင်ထိုက်၊ မင်းထင်ကိုကိုကြီး၊ ထူးပိုင်ဇော်ဦးတို့ အကဲဖြတ်ဒိုင်အဖြစ်ပါဝင်မည့် ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲ ဖိတ်ခေါ်
1 / 2
Donate to DVB

နာမည်ကြီး အနုပညာရှင်တွေဖြစ်ကြတဲ့ သရုပ်ဆောင်မင်းသမီး ဆွေဇင်ထိုက်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ ထူးပိုင်ဇော်ဦးတို့ အကဲဖြတ်ဒိုင်တွေအနေနဲ့ ပါဝင်ကြမယ့် ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲတခုကို ဖိတ်ခေါ်ထားပါတယ်။

ဒီပြိုင်ပွဲကတော့ CARE Myanmar အဖွဲ့က ကျား/ မအခြေပြုအကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအနေနဲ့ စီစဉ်ကျင်းပတာဖြစ်ပြီး လုပ်ငန်းခွင်တွေ၊ အများပြည်သူဆိုင်ရာ နေရာတွေနဲ့ ပုဂ္ဂလိကနေရာတွေအပါအဝင် လူ့အသိုင်းအဝိုင်းရှိ ဘယ်နေရာမှာမဆို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနဲ့ အကြမ်းဖက်မှုတွေ ပပျောက်ရေး ဆောင်ရွက်ရာမှာ အများပြည်သူတွေ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေဖို့ ရည်ရွယ်ကျင်းပပြုလုပ်တာလို့ ဆိုပါတယ်။

ပြိုင်ပွဲဝင်လိုသူတွေအနေနဲ့ အရင်ရုပ်ရှင်ပွဲတော်တွေမှာ ဆုရခဲ့ဖူးတဲ့ ဇာတ်လမ်းတိုတွေကလွဲပြီး ဘယ်လိုရုပ်ရှင်ဇာတ်လမ်းတိုမဆို ပြိုင်ပွဲဝင် ခေါင်းစဉ်တွေနဲ့ ကိုက်ညီပါက ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်ထားတာပါ။

ပြိုင်ပွဲဝင်ခေါင်းစဉ်တွေအနေနဲ့ (၁) လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါး နှောက်ယှက်မှု ပပျောက်ရေး (၂) အများပြည်သူဆိုင်ရာ နေရာများနှင့် ပုဂ္ဂလိကနေရာများ ၌ အမျိုးသမီးများအပေါ် နည်းမျိူးစုံဖြင့် အကြမ်းဖက်မှုများ ပပျောက်ရေး ဆိုပြီး သတ် မှတ်ထားတာဖြစ်ကာ ခေါင်းစဉ်အမျိုးအစား ၂ ခုထဲက နှစ်သက်ရာခေါင်းစဉ် တခုဖြစ်စေ၊ နှစ်ခုလုံးကိုဖြစ်စေ မိမိတို့ကိုယ်တိုင် ဖန်တီးရိုက်ကူးထားတဲ့ ပြသချိန် ၅  မိနစ်ထက် မပိုတဲ့ ဇာတ်လမ်းတိုတွေ ဖြစ်ရမှာ ဖြစ်ပါတယ်။

ဆုကြေးတွေအနေနဲ့ -အကောင်းဆုံးရုပ်ရှင်ဇာတ်လမ်းတိုဆု - ကျပ် သိန်း (၂၀)၊ ခေါင်းစဉ်အလိုက် အကောင်းဆုံးဆု (၁) - ကျပ် (၁၅) သိန်း၊ ခေါင်းစဉ်အလိုက် အ ကောင်းဆုံးဆု (၂) - ကျပ် (၁၅) သိန်း၊ လူကြိုက်အများဆုံးဆု - ကျပ် (၁၀) သိန်းစီ ရွေးချယ်ချီးမြှင့်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင် ဇာတ်လမ်းတိုတွေကိုတော့ လာမယ့် ဒီဇင်ဘာ ၁၀ ရက်ည ၁၀ နာရီ နောက်ဆုံးထားပြီး Google Form မှာ ဖြည့်စွက်ပြီးဖြစ်စေ၊ [email protected] သို့ WeTransfer, Google Drive, One Drive အစရှိတဲ့ မိမိအဆင်သင့်ရာ နည်လမ်းနဲ့ဖြစ်စေ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက သက်ဇော်အောင်၊ ဖုန်း-၀၉ ၄၃ ၁၀ ၉၇ ၃၅၊ အီးမေးလ်လိပ်စာ[email protected] တို့ကို ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။



Photo : CARE Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013