
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာကျေးရွာအုပ်စု မဲရုံအမှတ်(၁)မှာ ဒီကနေ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် မွတ်ဆလင်ဒုက္ခသည်တချို့လာရောက်မဲပေးခဲ့ကြပါတယ်။
ဒီမဲရုံမှာ ခေါင်းဒုက္ကာ၊ ဆေးသမား၊ ဥယျာဉ်သာကျေးရွာအုပ်စုတွေနဲ့ ဒုက္ခသည်စခန်းတချို့က မွတ်ဆလင်၊ ကမန်၊ ဟိန္ဒူ မဲဆန္ဒရှင် ၂၃၅ ဦးသာ မဲစာရင်းမှာ ပါဝင်ပါတယ်။
ဒီနေရာက ဒုက္ခသည်တွေဟာ ၂၀၁၂ ပဋိပက္ခတုန်းက အိုးအိမ်စွန့်ခွာထွက်ပြေး လာကြသူတွေဖြစ်ပြီး သူတို့ဘဝအခြေအနေတွေကို ကောင်းမွန်အောင်လုပ်ပေးနိုင်မယ့် အစိုးရကို အလိုရှိတာမို့ မဲလာပေးတာလို့ မွတ်ဆလင်ဒုက္ခသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
Photo - Kaung Mrat Naing / MPA










