DVB Logo
Home
မြန်မာသတင်း
သံတွဲခရိုင်၌ မသန်စွမ်းမဲဆန္ဒရှင် ၇၇၈ ဦး မဲလာပေး 
DVB
·
November 8, 2020
သံတွဲခရိုင်၌ မသန်စွမ်းမဲဆန္ဒရှင် ၇၇၈ ဦး မဲလာပေး 
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ရှိ မြို့နယ် ၃ ခုဖြစ်တဲ့ သံတွဲ၊ ဂွ၊ တောင်ကုတ်မြို့နယ်တွေမှာ မသန်စွမ်းမဲဆန္ဒရှင်  ၇၇၈  ယောက်မဲပေးခဲ့ကြတယ်လို့ သံတွဲခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးက သိရပါတယ်။

သံတွဲခရိုင် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးအောင်ခင်မြင့်က “ခရိုင်တစ်ခုလုံးမှာ  ၇၇၈ ဦးရှိတယ်။ အသက်ကြီးပိုင်းတွေနဲ သိပ်ပြီးသွားလာရခက်ခဲတဲ့သူတွေဆိုရင်လည်း အိမ်အထိ လိုက်ပြီး မဲပေးခွင့်ရရှိအောင် ဆောင်ရွက်ထားပါတယ်။ အရေအတွက်ကတော့ လျော့မသွားနိုင်ပါဘူး။ အားလုံး မဲထည့်နိုင်အောင် စီမံဆောင်ရွက်ထားပါတယ်” လို့ ပြောပါတယ်။

သံတွဲခရိုင်မှာ မသန်စွမ်းမဲဆန္ဒရှင် ဦးရေ ၇၇၈ ဦးရှိပြီး သံတွဲမြို့နယ်မှာ ၂၇၇ ဦး၊ တောင်ကုတ်မြို့နယ်မှာ ၈ ဦးနဲ့ ဂွမြို့နယ်မှာ ၄၉၃ ဦးရှိကြောင်း သံတွဲခရိုင်ကော်မရှင်ရုံးရဲ့ ကိန်းဂဏန်းတွေအရ သိရှိရပါတယ်။

သံတွဲခရိုင်မှာ မဲရုံပေါင်း ၃၅၄ ရုံဖွင့်လှစ်ပြီး ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ မဲဆန္ဒရှင် ပြည်သူ ၁၇၀,၀၀၀ ကျော်မဲပေးနေကြတယ်လို့ သံတွဲခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးအောင်ခင်မြင့်က ဆိုပါတယ်။

“အားလုံးအေးဆေးစွာပဲ မဲပေးနေကြပါတယ်။ မဲရုံအတွင်းစည်း အပြင်စည်းတွေလည်း လုံခြုံဖို့ အပြည့်အဝဆောင်ရွက်ထားပါတယ်”လို့ ပြောပါတယ်။

သံတွဲမြို့နယ်မှာ ၁၉၁ ရုံ၊ တောင်ကုတ်မြို့နယ်မှာ ၂၈ ရုံနဲ့ ဂွမြို့နယ်မှာ ၁၃၅ ရုံဖွင့်လှစ်ထားပြီး မဲဆန္ဒရှင်ပြည်သူ သံတွဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှာ ကျား ၂၃,၄၆၈ ဦး၊ မ ၂၆,၈၉၃ ဦးနဲ့ မဲဆန္ဒနယ်အမှတ် (၂) မှာ  ကျား ၂၄,၃၇၄ ဦး၊ မ ၂၆,၁၉၁ ဦး စုစုပေါင်း ၁၀,၀၉၂၆ ဦး မဲပေးခွင့်ရှိပါတယ်။

ဂွမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှာ  ကျား ၁၂,၉၂၁ ဦး၊ မ ၁၄,၁၂၆ ဦး မဲဆန္ဒနယ်အမှတ် (၂) မှာ ကျား ၁၃,၈၉၈ ဦး၊ မ ၁၄,၀၀၇  ဦး စုစုပေါင်း ၅၄,၉၅၂ ဦးရှိပါတယ်။

တောင်ကုတ်မြို့နယ်မှာတော့ မြို့ပေါ်ရပ်ကွက် ၄ ခုနဲ့ မဲဆန္ဒနယ်အမှတ် (၂) မှာသာ ကျင်းပခွင့်ရှိပြီး ကျား ၁၀,၄၁၉ ဦး၊ မ ၁၁,၅၃၃ ဦး စုစုပေါင်း ၂,၁၉၅၂ ဦးရှိကာ တောင်ကုတ်မြို့ရဲ့ မဲဆန္ဒနယ်အမှတ်  (၁) မှာ ရွေးကောက်ပွဲ ကျင်းပခွင့် မရရှိခဲ့ပါဘူး။ 

သတင်း - လင်းလက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013