DVB Logo
Home
မြန်မာသတင်း
မြန်မာကာချုပ်ကို ရုရှားစစ်တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် ဂုဏ်ပြုချီးမြှင့် 
DVB
·
November 5, 2020
မြန်မာကာချုပ်ကို ရုရှားစစ်တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် ဂုဏ်ပြုချီးမြှင့် 
Donate to DVB

မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရှရှားနိုင်ငံက ဘွဲ့တံဆိပ်နဲ့ ဆုတံဆိပ် ၃ မျိုး ဂုဏ်ပြုပေးအပ်ချီးမြှင့်လိုက်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ်က “ဂုဏ်ထူးဆောင်ပါမောက္ခ” Honorary Professor of the Russian Military University အဖြစ်ဂုဏ်ပြုချီးမြင့်ခဲ့ပြီး၊ Institute of Oriental Studies, Russian Academy of Science က “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့” Honoris Causa(Honorable Doctor) ချီးမြှင့်ခဲ့သလို  ရုရှားစစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဖက်ဒရယ်အဖွဲ့ Ferderal Service for Military Technical  Cooperation(FSMTC)ကလည်း ဂုဏ်ထူးဆောင်တံဆိပ် ပေးအပ်ချီးမြင့်ခဲ့တာလို့ ဆိုပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့က  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှား ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး  Sergey Kuzhugetovich Shoigu တို့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးစဉ် ဂုဏ်ထူးဆောင်တံဆိပ်တွေ ပေးအပ်ကြောင်း  အသိပေးပြောကြားခဲ့တာလို့ တပ်မတော် သတင်းအရသိရပါတယ်။

ဓာတ်ပုံ-DSINFO 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013