DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းမြို့၌ ကျားဖြူပါတီ မဲဆွယ်စည်းရုံးရေးဝိုင်းရံကူညီပေးနေသူ သေနတ်ပစ်ခံရ  
DVB
·
November 5, 2020
နမ့်ခမ်းမြို့၌ ကျားဖြူပါတီ မဲဆွယ်စည်းရုံးရေးဝိုင်းရံကူညီပေးနေသူ သေနတ်ပစ်ခံရ  
1 / 2
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ နောင်စန့်ရပ်မှာနေထိုင်တဲ့ ကျားဖြူပါတီကို မဲဆွယ်စည်းရုံးရေး ဝိုင်းရံကူညီပေးနေသူ  စိုင်းအောင်ဝင်းဟာ  နိုဝင်ဘာ ၄  ညနေ ၆ နာရီလောက်က သေနတ်နဲ့ သုံးချက် ပစ်ခတ်ခံရပြီး နောက်ကျော၊ တင်ပါးဆုံရိုးတို့မှာ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ကျားဖြူပါတီတာဝန်ရှိ တစ်ဦးက ပြောပါတယ်။

အိမ်ရှေ့အပြင်ဘက်မှာ လမ်းလျှောက်နေတဲ့ စိုင်းအောင်ဝင်းကို  အင်္ကျီအဖြူဝတ်ထားပြီး ဦးထုပ်ဆောင်းထားတဲ့ အမည်မသိ အမျိုးသားတစ်ဦးက ပြေးဝင်လာပြီး သေနတ်နဲ့ ပစ်ခတ် ထွက်ပြေးသွားတာဖြစ်ပါတယ်။ 

လက်ရှိ စိုင်းအောင်ဝင်းဟာ နမ့်ခမ်းဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူနေပြီး အသက်အန္တရာယ်တော့ စိုးရိမ်ဖွယ် မရှိကြောင်း သိရပါတယ်။

စိုင်းအောင်ဝင်းဟာ လက်ရှိမှာ ရှမ်းသွေးစည်းညီညွတ်ရေးနဲ့ လူမှုရေးအဖွဲ့ (UP)ကို ဦးဆောင်သူတဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်က ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကနေ နုတ်ထွက်ထားသူဖြစ်ပါတယ်။

သူဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှု စီမံကိန်းတချို့ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကျားဖြူပါတီနဲ့ လက်တွဲပြီး ကန့်ကွက်စာထုတ်ပြန်ကာ လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။ 

၂၀၁၅ ခုနှစ်တုန်းကလည်း စိုင်းအောင်ဝင်းရဲ့ နေအိမ်ကို အမည်မသိလူတဦးက လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံခဲ့ရဖူးပြီး ဗုံးစ အနည်းငယ်ထိခိုက်ကာ ဒဏ်ရာရရှိခဲ့ပါသေးတယ်။

သတင်း - နန်းစပယ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013