DVB Logo
Home
မြန်မာသတင်း
ချောက်မြို့နယ်၌ မဲရုံများအတွက် PPE ဝတ်စုံနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ဖြန့်ဝေ
DVB
·
November 4, 2020
ချောက်မြို့နယ်၌ မဲရုံများအတွက် PPE ဝတ်စုံနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ဖြန့်ဝေ
1 / 5
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်က မဲရုံတွေကို နိုဝင်ဘာ ၃ ရက်က PPE ဝတ်စုံအပါအဝင် တခြားကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းတွေနဲ့အတူ ပစ္စည်းစုံ ၁၀ မျိုးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးက ပေးဝေနေပါတယ်။

မြန်မာနိုင်ငံ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ဗဟိုက မဲရုံတွေကို  ပေးပို့လာလို့ ဝေချမ်းပေးနေတာဖြစ်တယ်လို့ မြို့နယ် လဝက ဦးစီးမှူးက ပြောပါတယ်။

မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဒုညွှန်ကြားရေးမှူး ဦးစိုးထွဋ်ဦးက “PPE 2,3 တွေကို မဲရုံတွေမှာ အဆင်သင့်ထားပေးဖို့ အတွက်ပါ၊ အပူချိန်တိုင်းရာမှာ ၃၈ ဒီဂရီစင်တီဂရိတ် ကျော်တဲ့ လူတွေကို တွေ့တယ်ဆိုရင် ထူးခြားမှုဖြစ်လာရင် အသုံးပြုဖို့ထားပေးတာပါ”လို့ ပြောပါတယ်။

နိုဝင်ဘာ ၃ ရက် မနက်ကစတင်ပြီး ချောက်မြို့နယ် မဲရုံတစ်ရုံအတွက် လက်အိတ်၊ PPE 3 ဝတ်စုံ ၂ စုံ၊ ဖိနပ် ၂ ရံ၊ goggles မျက်မှန် ၅ ခု၊ cap ၁၀ ခု၊ PPE coverall ၄ခု၊ Face shield ၂ ခု၊ Protective mask ၅ခု၊ Surgical gown ၂ စုံ၊ လက်အိတ် ၅စုံ စီနဲ့ မဲပေးသူဦးရေပေါ် မူတည်ပြီး KN95 mask တို့ကို ချောက်မြို့နယ် မဲရုံ ၂၅၈ ရုံအတွက် ခွဲဝေးပေးနေကြောင်း သိရပါတယ်။

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်မယ် ရွေးကောက်ပွဲနေ့ဟာ  ကိုဗစ်-၁၉ ကာလ ဖြစ်တာကြောင့် မဲပေးကြမယ့် မဲဆန္ဒရှင်တွေကို အပြင်မှာ ၆ ပေခြားတန်းစီတာ၊ အပူချိန်တိုင်းတာ၊ လက်ဆေးဂျလ်အသုံးပြုစေတာ၊ လက်မှတ်ထိုးဖိုအတွက် မိမိပိုင် ဘောလ်ပင် ယူဆောင်လာစေတာ၊ mask တပ်စေတာနဲ့ လက်အိတ်အသုံးပြုတာတွေအပါအဝင် ကျန်းမာရေးလမ်းညွှန်ချက်နဲ့အညီ ဆောက်ရွက်သွားမှာလို့ မြို့နယ်ကော်မရှင်ရုံးက သိရပါတယ်။

သတင်း - ကိုလင်း (ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013