DVB Logo
Home
မြန်မာသတင်း
ပန်းရောင်ခြယ်၊ မေလသံစဉ်နှင့် အနုပညာရှင်များဖျော်ဖြေကြမည့် “နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” ဖျော်ဖြေပွဲ(ရုပ်သံ)
DVB
·
November 3, 2020
ပန်းရောင်ခြယ်၊ မေလသံစဉ်နှင့် အနုပညာရှင်များဖျော်ဖြေကြမည့် “နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” ဖျော်ဖြေပွဲ(ရုပ်သံ)
Donate to DVB

       လာမယ့် ၂၀၂၀ ရွေးကောက်ပွဲတွေမှာ လူငယ်တွေနိုးကြားတက်ကြွစွာ မဲပေးကြဖို့ ဆော်သြတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တဲ့ “နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” ဖျော်ဖြေပွဲမှာ ပန်းရောင် ခြယ်၊ မေလသံစဉ်တို့နဲ့အတူ တခြားနာမည်ကြီး အနုပညာရှင်တွေ ပါဝင်ဖျော်ဖြေသွားဖို့ ရှိနေပါတယ်။

       Tune Up To Vote Music Show လို့အမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲကိုတော့ ဒီကနေ့ည ၉ နာရီမှာ First Time Youth Voters for 2020 ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ Tune Up To Vote ယူကျုဘ်ချန်နယ်လ်တွေမှာ ထုတ်လွှင့်သွားမှာဖြစ်ကာ  မဇ္ဇိမနဲ့ ဒီဗွီဘီရုပ်သံလိုင်းတွေက တဆင့်လ ည်း စောင့်မျှော်ကြည့်ရှုအားပေးနိုင်မှာ ဖြစ်ပါတယ်။

       ဒီဖျော်ဖြေပွဲမှာတော့ လူငယ်ဂီတအနုပညာရှင်တွေဖြစ်ကြတဲ့ ပန်းရောင်ခြယ်၊ မေလသံစဉ်တို့ နဲ့အတူ တခြားနာမည်ကြီး အနုပညာရှင်တွေ ဖြစ်ကြတဲ့ Ar-T၊ ဉက္ကာဦးသာ၊ ဘန်နီဖြိုး၊ Eternal Gosh၊ မိစန္ဒီ၊ အုပ်စိုးခန့်စတဲ့ နာမည်ကြီး အဆိုတော်တွေရဲ့ အမိုက်စား ဖျော်ဖြေမှုတွေ၊ Tune Up To Vote ဂီတဖန်တီးမှုပြိုင်ပွဲ အနိုင်ရရှိသူတွေ ဖြစ်ကြတဲ့ June Hpaan၊ ဇေယျာပိုင်၊ Mosses တို့ရဲ့ ဖျော်ဖြေမှုတွေကိုပါ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013