DVB Logo
Home
မြန်မာသတင်း
မဲဆွယ်စည်းရုံးမှုများအပေါ် တိုင်ကြားခံရမှု အန်အယ်လ်ဒီက အများဆုံးဟု PACE အဖွဲ့ပြော
DVB
·
November 2, 2020
မဲဆွယ်စည်းရုံးမှုများအပေါ် တိုင်ကြားခံရမှု အန်အယ်လ်ဒီက အများဆုံးဟု PACE အဖွဲ့ပြော
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲမတိုင်မခင် ပါတီတွေရဲ့စည်းရုံးရေးကာလမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲဆွယ်စည်းရုံးတာတွေအပေါ် တိုင်ကြားတာ အများဆုံးဖြစ်တယ်လို့ နိုဝင်ဘာ ၁ ရက်နေ့က ထုတ်ပြန်တဲ့ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ရဲ့ ကနဦးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

PACE က စောင့်ကြည့်လေ့လာခဲ့တဲ့အခါ NLD အနေနဲ့ တိုင်းနဲ့ပြည်နယ်စုစုပေါင်းမှာ တိုင်ကြားခံရမှုပေါင်း ၃၄ ခုနဲ့ အများဆုံးဖြစ်ပြီး USDP ကတော့ ဒုတိယအများဆုံး တိုင်ကြားခံရတာ ဖြစ်ပါတယ်။

တိုင်တန်းတာတွေအများစုဟာ မဲဆွယ်စည်းရုံးရာမှာ ကိုဗစ်စည်းကမ်းတွေ မလိုက်နာတာနဲ့ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ် ပစ္စည်းတွေ ဖျက်ဆီးတာကြောင့်လို့ ကော်မရှင်အဖွဲ့ခွဲတွေက ပြောကြပါတယ်။

NLD ပါတီရဲ့ မဲဆွယ်စည်းရုံးမှုမှာ စီတန်းလှည့်လည်တာတွေကို ၁၅၉ ခုထိ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနောက်မှာ ဒုတိယအများဆုံး အနေနဲ့ရပ်တည်နေတယ်လို့ သိရပါတယ်။

PACE အဖွဲ့ဟာ စက်တင်ဘာ ၂၈ ရက်ကနေ အောက်တိုဘာ ၁၁ ရက်နေ့အထိ သီတင်းနှစ်ပတ်ကြာ စောင့်ကြည့်လေ့လာမှုတွေကို ကာလရှည်စောင့်ကြည့်သူ ၃၁၉ ဦးနဲ့ မြို့နယ် ၃၁၉ ခု မှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

လေ့လာတဲ့ မြို့နယ် ၃၀၇ ခုမှာ ကိုယ်စားလှယ်လောင်း ၁၁ဝ၈ ဦးတို့ကို တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

PACE ရဲ့ စီမံကိန်းအစီအစဉ်မန်နေဂျာ ကိုဟန်စိုးထွန်းက ''ကြိုတင်မဲပေးတာတွေကို စောင့်ကြည့်နိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အသိပေးတာ နောက်ကျတဲ့အတွက် စောင့်ကြည့်လေ့လာ သူတွေအတွက် အချိန်အခက်အခဲဖြစ်နေရပြီး ပွင့်လင်းမြင်သာမှုရှိဖို့ ကော်မရှင်ဘက်က ရွေးကောက်ပွဲ Calender ကို ကြိုတင်အသိပေးဖို့လိုတယ်”  လို့ ပြောပါတယ်။

အင်တာနက်အခက်အခဲတွေကြောင့် ခေါင်လန်ဖူး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တို့က စောင့်ကြည့်လေ့လာမှုတွေကို အစီရင်ခံစာမှာ ထည့်သွင်းနိုင်ခြင်းမရှိတဲ့အပြင် ကိုကိုးကျွန်း၊ ပလက်ဝ၊ မြို့သစ်၊ မိုင်းဆက် စတဲ့ ဒေသတွေဆီက အချက်အလက်တွေလည်း မရခဲ့တာကြောင့် ၃၀၇ မြို့နယ်က အချက်အလက်တွေကိုပဲ ဖော်ပြနိုင်တယ်လို့လည်း ဆိုပါတယ်။

နွေလှိုင်း(YU)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013