DVB Logo
Home
မြန်မာသတင်း
PACE အဖွဲ့ကို ၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ခွင့် ပိတ်ပင်  
DVB
·
August 13, 2020
PACE အဖွဲ့ကို ၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ခွင့် ပိတ်ပင်  
Donate to DVB

ပြီးခဲ့တဲ့ ရွေးကောက်ပွဲသုံးကြိမ်တိုင်လေ့လာစောင့်ကြည့်ခွင့်ရရှိခဲ့တဲ့ PACE အဖွဲ့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်ခွင့် ပိတ်ပင်လိုက်ပါတယ်။

ရွေးကောက်ပွဲတရားမျှတမှု စောင့်ကြည့်ရေးဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ PACE အဖွဲ့ကို အသင်းအဖွဲ့မှတ်ပုံတင်ထားခြင်းမရှိလို့ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲစောင့်ကြည့်ခွင့်ကို ပိတ်ပင်လိုက်တာပါ။

PACE အဖွဲ့အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာစောင့်ကြည့်ဖို့ လူဦးရေ ၂၉၀၀ လောက် လျာထားပြီးချိန်မှာ အခုလိုပိတ်ပင်လိုက်တာဟာ လုပ်ငန်းစဉ်ကို ကြီးမား တဲ့အဟန့်အတားဖြစ်စေတယ်လို့ PACE  အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ 

ဒါ့အပြင်ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ ရွေးကောက်ပွဲဖြစ်စဉ်ရဲ့ပွင့်လင်းမြင်သာမှုနဲ့ သမာသမတ်ကျမှုတို့ကိုထိခိုက်စေတယ်လို့ PACE အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

PACE အဖွဲ့အနေနဲ့ အသင်းအဖွဲ့မှတ်ပုံတင်ဖို့ လုပ်ဆောင်ရာမှာလည်းUEC ဘက်က ထောက်ခံချက်မပေးတဲ့အတွက် မှတ်ပုံတင်ဖို့အခက်အခဲဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခွင့် လျှောက်ထားမှုကိုလည်း  UEC က PACE အဖွဲ့အနေနဲ့ နိုင်ငံတကာအထောက်အပံ့တွေရယူထားတဲ့အတွက် အသင်းအဖွဲ့မှတ်ပုံတင်နဲ့ဥ ပဒေနဲ့မကိုက်ညီဘူးလို့ဆုံးဖြတ်ကာ ငြင်းဆန်ခဲ့တယ်လို့ PACE အဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောဆိုခဲ့ပါတယ်။

အခုလိုရွေးကောက်ပွဲကို တိုက်ရိုက်စောင့်ကြည့်ခွင့်မရပေမယ့် ရွေးကောက်ပွဲအကြိုကာလ နှောင်းပိုင်းကာလ  အဆင်ဆင့်တွေမှာ တခြားအဖွဲ့အစည်းတွေကို နည်းပညာပံ့ပိုးမှုတွေ ပေးသွားမယ်လို့   PACE အဖွဲ့ကဆိုပါတယ်။

PACE အဖွဲ့ဟာဆိုရင် ၂၀၁၅ ခုနစ်အထွေထွေရွေးကောက်ပွဲနဲ့  ၂၀၁၇ ၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခွင့်ရပြီးမှာ အခု ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာမှ စောင်ကြည့်ခွင့် ပိတ်ပင်ခံလိုက်ရတာပါ။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013