DVB Logo
Home
အားကစား
လိဒ်စ်နှင့်ပွဲတွင်  သရေကျခဲ့သည့် စပါးအသင်း တန်းဆင်းဇုန်အန္တရာယ်ဆက်ရှိနေ
DVB
·
May 12, 2026
Photo: REUTERS/Dylan Martinez
Photo: REUTERS/Dylan Martinez
Donate to DVB

စပါးအသင်းဟာ လိဒ်စ်ယူနိုက်တက်နဲ့ အိမ်ကွင်းမှာ (၁-၁) ဂိုးနဲ့ သရေကျခဲ့တာကြောင့် တန်းဆင်းဇုန်ကနေ အပြီးသတ်လွတ်မြောက်မဲ့ အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။

မာသီးစ်တဲလ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ရစ်ချာလီဆန်က အပိုင်ဂိုးလွဲချော်ခဲ့လို့ အသင်းရဲ့ ဖိအားတွေကို မလျှော့ချနိုင်ခဲ့တာပါ။

ပွဲချိန် ၇၄ မိနစ်မှာတော့ ဂိုးသွင်းခဲ့သူ တဲလ်ကပဲ ပင်နယ်တီပေးခဲ့ရလို့ လိဒ်စ်အတွက် ကာလ်ဗတ်လူဝင်က ချေပဂိုး သွင်းယူသွားခဲ့ပါတယ်။

နည်းပြ ဒီဇာဘီကတော့ ကစားသမားတွေ အမှားများခဲ့ပေမဲ့ လက်ကျန်ပွဲတွေမှာ ဆက်လက်တိုက်ပွဲဝင်သွားရမှာဖြစ်ကြောင်း ပြောဆိုခဲ့ပြီး လက်စွမ်းပြခဲ့တဲ့ အရန်ဂိုးသမား ကင်စကီးကိုလည်း ချီးကျူးခဲ့ပါတယ်။

စပါးဟာ အဆင့် ၁၇ က ဝက်စ်ဟမ်းနဲ့ ၂မှတ်သာ ကွာဟပြီး လက်ကျန်ပွဲတွေမှာ ချဲလ်ဆီး၊ အဲဗာတန် အသင်းတွေနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013