DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲ၌ မဲပေးသူအရေအတွက် သိသိသာသာလျော့နည်းမည့် အခြေအနေမရှိဟု စစ်တမ်းထုတ်
DVB
·
October 30, 2020
၂၀၂၀ ရွေးကောက်ပွဲ၌ မဲပေးသူအရေအတွက် သိသိသာသာလျော့နည်းမည့် အခြေအနေမရှိဟု စစ်တမ်းထုတ်
Donate to DVB

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း  ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲပေးမယ့် မဲဆန္ဒရှင်အရေအတွက်သိသိသာသာ လျော့နည်းကျဆင်းသွားမယ့်အခြေအနေမရှိဘူးလို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတစ်ခုက စစ်တမ်းထုတ်ပြန် ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ အထွထွေရွေးကောက်ပွဲကျင်းပဖို့ ရက်အနည်းငယ်သာလိုတော့ပြီး လက်ရှိမှာလည်း အောက်တိုဘာ ၂၉ ရက်နေ့က စတင်ပြီး အသက် ၆၀ အထက် ဘိုးဘွားတွေ ကြိုတင်ဆန္ဒမဲပေးနေကြသလို ကွာရန်တင်းစင်တာတွေမှာလည်း ဆန္ဒမဲကောက်ခံနေပါတယ်။‌ 

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်နေတဲ့အဖွဲ့အစည်းတခုဖြစ်တဲ့ New Myanmar Foundation ရဲ့ အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်နေ့အထိ စစ်တမ်းအရ မဲပေးမယ့်သူ ၇၃ ဒသမ ၃ ရာခိုင်နှုန်းရှိတယ်လို့  တာဝန်ရှိသူ   ရွေးကောက်ပွဲအကြံပေး  မမြနန္ဒာသင်းက ပြောပါတယ်။

ရွေးကောက်ပွဲကာလ နီးကပ်လာသလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကလည်း ဆက်လက် တိုးနေပြီး အထူးသဖြင့် ရန်ကုန်မှာ ရောဂါကူးစက်ခံရသူ နေ့စဉ် ထောင်နဲ့ချီရှိလာနေတာပါ။

ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေအနေနဲ့ မဲရုံတွေမှာ   မဲပေးမှုနဲ့ ပတ်သက်တဲ့ မဲဆန္ဒရှင်အသိပညာပေးရေးတွေကို လည်းပြသထားဖို့လိုတယ်လို့  ရွေးကောက်ပွဲ စောင့်ကြည့် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ PACE မှ ကိုဟန်စိုးထွန်းက တိုက်တွန်း ပြောပါတယ်။

ဒါ့အပြင် တခြားရွေးကောက်ပွဲလေ့လာစောင့်ကြည့်နေတဲ့အဖွဲ့အစည်းတွေကလည်း အောက်တိုဘာ ၂၆ ရက်က စတင်ပြီး ပြည်နယ်နဲ့ တိုင်းအသီးသီးကို ရွေးကောက်ပွဲစောင့်ကြည့်ဖို့ အဖွဲ့တွေ စေလွှတ်ထားပြီးဖြစ်ပါတယ်။

ကြိုတင်မဲပေးမှု အခြေအနေကို လေ့လာချက်အရ ကြိုတင်မဲစာအိတ်ပွင့်‌နေတာ‌တွေ၊ ရပ်ကျေးကော်မရှင်နဲ့ ‌မဲဆန္ဒရှင်နဲ့ပြဿာနာဖြစ်နေတာတွေနဲ့ တချို့နေရာတွေမှာ မဲဆန္ဒနယ် တိုင်း ၁ နဲ့ ၂ လက်မှတ် မှားပေးတာတွေ‌ရှိတာကြောင့် မဲပေးတာကို ခဏရပ်ပြီး ပြန်လည်ပေးတာ ကိုလည်းတွေ့နေရတယ်လို့ စောင့်ကြည့်အဖွဲ့တွေက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ပနိုင်ငံတွေကနေ ဆန္ဒမဲပေးကြခဲ့ကြတဲ့ မဲဆန္ဒရှင်ပြည်သူ အရေအတွက်ဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းကထက် ၃ ဆတိုးလာတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

ဆန္ဒမဲပေးဖို့ စာရင်းသွင်းထားပြီး တကယ်တမ်း မဲလာပေးတဲ့သူ  ရာခိုင်နှုန်းကတော့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက  ၇၅ ရာခိုင်နှုန်းရှိခဲ့ပေမဲ့   အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ၆၉ ရာခိုင်နှုန်းပဲ ရှိတယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောပါတယ်။ 

ခင်ငြိမ်းချမ်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013