DVB Logo
Home
မြန်မာသတင်း
မင်းလှတွင် နှင်းဆီပါတီဝင် ၂၇၀၀ ကျော် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့်ပူးပေါင်း
DVB
·
October 30, 2020
မင်းလှတွင် နှင်းဆီပါတီဝင် ၂၇၀၀ ကျော် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့်ပူးပေါင်း
Donate to DVB

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ ဖျက်သိမ်းခံခဲ့ရတဲ့ နှင်းဆီပါတီက အင်အား ၂၇၀၀ ကျော် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ထဲ ဝင်ရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

နှင်းဆီပါတီရဲ့ မြို့နယ်အလုပ်အမှုဆောင်တွေ၊ ရပ်ကျေးစည်းရုံးရေးမှူးတွေ၊ အဖွဲ့ဝင်တွေ စုစုပေါင်း အင်းအား ၂၇၀၀ ကျော် ပူးပေါင်းခဲ့တာလို့  မင်းလှမြို့နယ် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအောင်နိုင်ရေးခေါင်းဆောင်  ဦးတေဇညွန့်က ပြောပါတယ်။

“ကျနော်တို့နဲ့ အတွေးခေါ် အယူအစတွေတူပြီး ဒေသကောင်းကျိုးအတွက် ပူးပေါင်းဆောင်ရွက်မယ့် လူတွေဖြစ်တာကြောင့် နွေးထွေးစွာ ကြိုဆို၍‌‌ ပါတီဥက္ကဋ္ဌကြီး သူရ‌ရွှမန်းရဲ့လမ်းညွှန်မှုနဲ့  ပြည်သူကို ကတိပြုထားတဲ့ ၁၂ ချက်ကို‌ ဒေသအတွင်းအ ကောင်အထည်‌ဖော်နိုင်အောင်  ပူးပါင်းဆောင်ရွက်မယ်။” 

နှင်းဆီပါတီရဲ့ မြို့နယ်အလုပ်အမှူဆောင် ဦးထွန်းတင့်အောင်က “ကျနော် UBP ပါတီကို ဝင်ရောက်ပူးပေါင်းဝန်းရံရတာဟာ ပါတီရဲ့လမ်းစဉ်မူဝါဒတွေ ကြိုက်နှစ်သတ်သလို ပါတီဦးဆောင်သူတွေကလည်း ကိုယ့်မြို့နယ် အမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်မယ် ယုံကြည်တဲ့အတွက် ပူပေါင်းဝန်းရံရတာပါ” လို့ ပြောပါတယ်။

နှင်းဆီပါတီ ခေါ်  ညီညွတ်​သောဒီမိုကရက်တစ်ပါတီ (UDP) ကို ​အောက်တိုဘာ ၁၇ ရက်​နေ့မှာ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်က တရားဝင်နိုင်ငံ​ရေးပါတီက​နေ ပယ်ဖျက်ထားတာဖြစ်ပြီး ပါတီဥက္ကဋ္ဌကိုလည်း ​​ထောင်​ပြေးမှုနဲ့ စွဲချက်တင်စစ်​ဆေး​နေပါတယ်။

သက်နိုင်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013