DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁,၄၂၆ ဦးတွင် ရန်ကုန်က ၁,၁၅၆ ဦး၊ အနံ့မရရှိသူ ၃၅၇ ဦးပါဝင်
DVB
·
October 27, 2020
ကိုဗစ်-၁၉ လူနာသစ် ၁,၄၂၆ ဦးတွင် ရန်ကုန်က ၁,၁၅၆ ဦး၊ အနံ့မရရှိသူ ၃၅၇ ဦးပါဝင်
Donate to DVB

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၄၂၆ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၁,၁၅၆ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၅ နာရီခွဲ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မြောက်ဉက္ကလာပမြို့နယ်က ပိုးတွေ့လူနာ ၁၂၄ ယောက်၊ လှိုင်မြို့နယ်က ပိုးတွေ့လူနာ ၁၀၃ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ် ၄၁   မြို့ နယ်  ပါဝင်နေတာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ပဲခူးတိုင်းမြို့နယ် ၈ ခုမှာ ၇၅ ယောက်၊ မန္တလေးတိုင်းမြို့နယ်  ၁၀ ခုမှာ ၅၈ ယောက်၊ မကွေးတိုင်းမြို့နယ် ၄ ခုမှာ ၄၃ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၇ ခုမှာ ၃၆ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၂ ခုမှာ ၂၂ ယောက်၊ မွန်ပြည် နယ်မြို့နယ် ၆ ခုမှာ ၇ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၃ ခုမှာ ၁၁ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၂  ခုမှာ ၆ ယောက်၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ  ၅ ယောက်၊ တနင်္သာရီတိုင်း မြို့နယ် ၂ ခုမှာ ၃  ယောက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်မှာ ၂  ယောက်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့မှာ ၁ ယောက်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ၁ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၅၇ ယောက် ပါဝင်ပြီး ပြည်ပက ပြန်လည်ရောက်ရှိလာပြီး အသွားအလာကန့်သတ်ထားရှိသူ ၅ ယောက်ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။   

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၆ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၄၆,၂၀၀ ယောက်၊ သေဆုံးသူ ၁,၁၂၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရ သူပေါင်း ၂၆,၀၀၇ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၃ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၂ ဒသမ ၂ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013