DVB Logo
Home
မြန်မာသတင်း
Stay at home သတ်မှတ်ထားသည့် ဒဂုံဆိပ်ကမ်းတွင် NLD ပါတီဝန်းရံသူများ အင်အားပြ (ဓာတ်ပုံ)
DVB
·
October 26, 2020
Stay at home သတ်မှတ်ထားသည့် ဒဂုံဆိပ်ကမ်းတွင် NLD ပါတီဝန်းရံသူများ အင်အားပြ (ဓာတ်ပုံ)
1 / 7
Donate to DVB

ရန်ကုန်တိုင်းအတွင်း Stay at home သတ်မှတ်ထားတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ အောက်တိုဘာ ၂၅ ရက်နေ့က NLD ပါတီထောက်ခံသူတွေ အင်အားပြလှည့်လည်ခဲ့ပါတယ်။

လှည့်လည်သူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တံဆိပ်ပါ အနီရောင်အင်္ကျီတွေ ဆင်တူဝတ်ထားပြီး မော်တော်ယာဥ်တွေ၊ အနှေးယာဥ်ဆိုက်ကားတွေ၊ ဆိုင်ကယ်တွေ အများအပြားနဲ့ လှည့်လည်မဲဆွယ်ခဲ့ကြတာပါ။

တစ်ဦးတစ်ယောက်က ဦးဆောင်ပြီး မဲဆွယ်စည်းရုံးတာ မဟုတ်ဘဲ မိမိတို့ထောက်ခံတဲ့ ပါတီလှည့်လည်တာတွေ့ပြီး လိုက်ပါလာကြတာလို့ မဲဆွယ်စည်းရုံးရေးလိုက်ပါလာသူတွေက ပြောပါတယ်။

အခုလို မဲဆွယ်ကာလပြီးခါနီး ရန်ကုန်မြို့နေရာတစ်ချို့မှာ NLD ကို ထောက်ခံတဲ့အနေနဲ့ အနှေးယာဉ်ဆိုက်ကားတွေ၊ မော်​တော်ကားတွေနဲ့ လှည့်လည်တာတွေ ဒီရက်ပိုင်းအတွင်း ပြုလုပ်နေတာရှိပါတယ်။ 

သတင်း - အိသဇင်ခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013