DVB Logo
Home
မြန်မာသတင်း
ကျောက်ဆည်ခရိုင်တွင် NLD ထောက်ခံဝန်းရံသူများ အင်အားပြလှည့်လည် (ဓာတ်ပုံ)
DVB
·
October 25, 2020
ကျောက်ဆည်ခရိုင်တွင် NLD ထောက်ခံဝန်းရံသူများ အင်အားပြလှည့်လည် (ဓာတ်ပုံ)
1 / 6
Donate to DVB

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းက NLD ထောက်ခံဝန်းရံသူတွေ အင်အားပြလှည့်လည်ခဲ့ပါတယ်။ 

ကျောက်ဆည်ခရိုင်အတွင်းမှာရှိတဲ့ NLD ထောက်ခံတဲ့ သူငယ်တော်ရွာ၊ ထန်းစင်တော်ရွာ၊ ရွှေလေးရွာ၊ ပနန်ရွာ အပါအဝင် ရွာတွေ စုပေါင်းပြီး မြို့ပေါ်မှာ အခုလို လာရောက်လှည့်တာလို့ သိရပါတယ်။ 

ကျောက်ဆည်မြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးလမ်းမကြီးမှာ အင်အားပြလှည့်လည်တဲ့ ကားတွေ၊ ဆိုင်ကယ်တွေ လူတွေနဲ့ ပြည့်နှက်နေပြီး လမ်းပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ 

အခုလို လှည့်လည်မှုကို မနက် ၆ နာရီက စတင်ခဲ့တာဖြစ်ပြီး နေ့လယ် ၁၂ နာရီအချိန်ထိ ရွာတွေကနေ  NLD ထောက်ခံသူတွေ ကျောက်ဆည်မြို့ကို လာနေဆဲပဲလို့ အဲဒီနေရာကို ရောက်ရှိနေတဲ့ DVB သတင်းထောက်က ပြောပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲအတွက် ကျန်နေသေးတဲ့ မဲဆွယ်ကာလ ၁၃ ရက်မှာ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များ လိုက်နာကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၄ ရက်နေ့မှာ ကော်မရှင်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရာမှာ သ‌တ်မှတ်လူဦးရေထက် ကျော်လွန်ဆောင်ရွက်တာ၊ social distancing rule တွေကို လိုက်နာဖို့လိုအပ်တာ၊ ဝန်းရံသူတွေကလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားဆောင်ရွက်ချက်တွေကို လိုက်နာမှု အားနည်းတာတွေ တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013