DVB Logo
Home
မြန်မာသတင်း
ဟစ်ပ်ဟော့ပ်ခေတ်ဦး အဆိုတော် စိုးမိုးမင်း အသည်းရောဂါဖြင့် ကွယ်လွန်
DVB
·
October 23, 2020
ဟစ်ပ်ဟော့ပ်ခေတ်ဦး အဆိုတော် စိုးမိုးမင်း အသည်းရောဂါဖြင့် ကွယ်လွန်
Donate to DVB

မြန်မာပြည်ရဲ့ ဟစ်ဟော့ပ်ခေတ်ဦးဂီတလောကမှာ စတင်လှုပ်ရှားခဲ့သူတွေထဲက တယောက်ဖြစ်တဲ့ အဆိုတော် စိုးမိုးမင်းဟာ အောက်တိုဘာ ၂၂ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အဆိုတော်သားစိုးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ခုလိုရေးသားပြီး မျှဝေထားခဲ့တာ ဖြစ်ပါတယ်။

“မြန်မာပြည် hip hop ခေတ်ဦးတွင် ဦးဆောင်သူတစ်ယောက်ဖြစ်သော... မြန်မာ့ ပထမဆုံး hiphop အဖွဲ့ tu-ballz ပူးတွဲတည်ထောင်သူ ကျနော်တို့ထက် Rap ဂီတကို ရှေ့ဆောင်လမ်းပြပြုလုပ်ခဲ့သူ... သူ့ rap flow များကို ကျနော်တို့ကိုယ်တိုင် လေးစားအား ကျခဲ့ရသူ... "ငါ့နာမည် S double M တချိန်မှာမိုက်ခဲ့ကြတာ အမှန်"… ငယ်စဉ်ထဲက ကဲ ဖော်ကဲဘက် အမိုက်စား Rapper ကြီး… Zero အဖွဲ့မှ့ စိုးမိုးမင်း အသည်းရောဂါဖြင့် ချင်း မိုင်မြို့တွင် ယနေ့ကွယ်လွန်သွားပါသည်။ မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်”

စိုးမိုးမင်းကိုတော့ တချိန်က လူငယ်ပရိသတ်တွေကြား ရေပန်းစားသီချင်းတပုဒ် ဖြစ်တဲ့ “တစ်စက္ကန့်”သီချင်းနဲ့ သတိပြုမိကြမှာဖြစ်ပြီး အဲဒီသီချင်းကိုတော့ ကျော်သူစိုး၊ လင်းလင်း၊ R.ဇာနည်တို့နဲ့ တွဲဖက်သီဆိုထားခဲ့တာ ဖြစ်ပါတယ်။

စိုးမိုးမင်းဟာ Zero အဖွဲ့အနေနဲ့ “တန်ဖိုးရှိတဲ့သုည” အမည်နဲ့ တေးအယ်လ်ဘမ် ထွက်ရှိခဲ့ဖူးပြီး အဲဒီအယ်လ်ဘမ်ထဲမှာတော့ စံတော်ချိန် ၁၂ နာရီ၊ ဆုတောင်းခြင်းမပြီးဆုံး၊ တချိန်လုံးပဲကြည့်ချင်တယ်၊ နမော်နမဲ့၊ မိန်းကလေး မင်းဘယ်သူလဲ၊ မိန်းကလေးများ သတိထား၊ မကောင်းတဲ့စိတ်၊ ရည်းစားစကား၊ လူငယ်အကျင့်၊ လူမိုက်ဘဝ၊ ဟန်ဆောင် မျက်လုံးများ၊ ကြော်ငြာပြဿနာစတဲ့ သီချင်းတွေပါဝင်ခဲ့ပါတယ်။

လတ်တလောမှာတော့ သူ့ရဲ့ နာရေးသတင်းအပေါ် ဂီတအသိုင်းအဝိုင်းကရော ပရိ သတ်တွေကပါ စိတ်မကောင်းဖြစ်နေကြပြီး တေးရေး လူမောင်(ဆေး-၁)ကတော့ “ဟစ် ဟော့ခေတ်ဦးအစ(Zero)စိုးမိုးမင်း(1ထက်စောတာZeroလို့မင်းငါ့ကိုပြောခဲ့ဖူးတယ်)Rest In Peace ညီလေး” လို့ ရေးသားပြီး  ဖေ့စ်ဘွတ်ခ်ပေါ်ကတဆင့် မျှဝေထားခဲ့တာပါ။

အဆိုတော် ရန်ရန်ချန်းကတော့ “သူငယ်ချင်းတို့ ငါတို့ကောင်ကြီး "စိုးမိုးမင်း" ဆုံးသွားပြီ… ကျော်သူစိုး လှမ်းပြောတာ… ကောင်းရာမွန်ရာရောက်ပါစေကွာ” လို့ ရေးသားပြီး ပရိသတ်တွေနဲ့ ဂီတအနုပညာမောင်နှမတွေကို အသိပေးထားခဲ့တာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013