DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁,၁၉၄ ဦးတွင် ရန်ကုန်က ၈၈၄ ဦး၊ အနံ့မရသူ  ၂၃၇ ဦး ပါဝင်
DVB
·
October 22, 2020
ကိုဗစ်-၁၉ လူနာသစ် ၁,၁၉၄ ဦးတွင် ရန်ကုန်က ၈၈၄ ဦး၊ အနံ့မရသူ  ၂၃၇ ဦး ပါဝင်
Donate to DVB

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၁၉၄ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၈၈၄ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၆ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ လှိုင်သာယာက ၈၃ ယောက်၊ မင်္ဂလာဒုံနဲ့  မြောက်ဉက္ကလာပမြို့နယ်တွေက ၈၁ ယောက်စီ၊ သင်္ဃန်းကျွန်းနဲ့ တာမွေက ၆၁ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း  ၄၁ မြို့ နယ်  ပါဝင်နေတာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ပဲခူးတိုင်းမြို့နယ် ၁၈  ခုမှာ ၁၃၁ ယောက်၊ မန္တလေးတိုင်းမြို့နယ် ၁၄ ခုမှာ ၈၅ ယောက်၊ ဧရာဝတီတိုင်း ၈ မြို့နယ်မှာ   ၂၄ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၇ ခုမှာ ၂၅ ယောက်၊ မကွေးတိုင်းမြို့နယ် ၅ ခုမှာ ၇ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၄ ခုမှာ ၈ ယောက်၊ မွန်ပြည်နယ်မြို့နယ်  ၂ ခုမှာ ၉  ယောက်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ ၂  ယောက်၊ ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ် ၃ ခုမှာ  ၉ ယောက်၊ ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ် ၄ ခုမှာ ၇ ယောက်၊ ကချင်ပြည်နဘ် မြို့နယ် ၂ ခုမှာ ၂ ယောက်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ ၁ ယောက် အသီးသီးတွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ  ၂၃၇ ယောက်  ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်က အတည်ပြုလူနာတွေထဲမှာတော့ ပြည်ပက ပြန်လည်ရောက်ရှိလာပြီး အသွားအလာကန့်သတ်ထားရှိသူ ၁ ယောက် ပါဝင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၁ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူ နာစုစုပေါင်း ၃၉,၆၉၆ ယောက်၊ သေဆုံးသူ ၉၇၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၈,၈၆၅ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၁ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၀ ဒသမ ၉ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013