DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလ ၆ လကျော်အတွင်း လူပေါင်း ၁၀၀၀ ကျော် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
DVB
·
October 22, 2020
ကိုဗစ်ကာလ ၆ လကျော်အတွင်း လူပေါင်း ၁၀၀၀ ကျော် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
1 / 5
Donate to DVB

 

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စတင်ဖြစ်ပွားတဲ့ မတ် ၃၁ ရက်နေ့ကနေ အောက်တိုဘာ ၇ ရက်နေ့အထိ ၆ လကျော်ကာလအတွင်း လူပေါင်း ၁၀၀၀ ကျော် ကိုယ့်ကိုယ်ကိုယ်သေကြာင်းကြံစည်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။ 

ဒီ ၆ လကျော်ကာလအတွင်းမှာ သေကြောင်းကြံစည်မှုစုစုပေါင်း ၁၀၃၀မှု ဖြစ်ပွားခဲ့ရာမှာ အမျိုးသား ၈၃၄ ယောက်နဲ့ အများဆုံးသေဆုံးပြီး အမျိုးသမီးကတော့ ၁၉၈ ယောက် သေဆုံးခဲ့ပါတယ်။ 

သေကြောင်းကြံစည်သူတွေမှာ မန္တလေးက ၁၄၇ ယောက်နဲ့ အများဆုံးရှိနေပြီး ပဲခူးက အယောက် ၁၄၀၊ ဧရာဝတီက ၁၀၇ ယောက်၊ ရှမ်းပြည်နယ်မှာ ၁၀၂ ယောက်၊ ရန်ကုန် ၁၀၁ ယောက်၊ မကွေး ၈၂ ယောက်၊ စစ်ကိုင်း ၇၂ ယောက်၊ တနင်္သာရီမှာ ၆၆ ယောက်၊ ရခိုင်နဲ့မွန်မှာ အယောက် ၅၀ စီ၊ ကချင်မှာ ၄၃ ယောက်၊ နေပြည်တော်မှာ အယောက် ၄၀၊ ကရင်မှာ ၂၂ ယောက်၊ ကယားနဲ့ ချင်းပြည်နယ်တို့မှာ ၄ ယောက်စီ ရှိခဲ့ပါတယ်။ 

ကိုယ့်ကိုယ့်ကိုယ် အဆုံးစီရင်သူတွေထဲမှာ အသက် ၂၆ နှစ်ကနေ အသက် ၄၀ အထိ လူပေါင်း ၃၇၆ ယောက်နဲ့ အများဆုံးဖြစ်ပြီး၊ အသက် ၄၀ နဲ့အထက်က ၃၆၆ ယောက်၊ ၁၉ နှစ်ကနေ ၂၅ နှစ်အထိ ၁၇၇ ယောက်၊ ၁၁ နှစ်ကနေ ၁၈ နှစ်အထိ ၁၀၉ ယောက်နဲ့ အသက် ၁၀ နှစ် အရွယ် သေကြောင်းကြံစည်သူက ၄ယောက်နဲ့ အနည်းဆုံးတွေ့ရပါတယ်။

သေကြောင်း ကြံစည်တဲ့ အကြောင်းရင်းတွေထဲမှာ ကျန်းမာရေးကြောင့်  သေကြောင်းကြံမှုက ၂၂၂ မှုနဲ့ အများဆုံးဖြစ်ပြီး လူမှုရေးပြဿနာကြောင့် ၂၁၁ မှု၊ စီးပွားရေးကြောင့် ၁၉၇ မှု၊ အရက်ကြောင့် ၁၈၄ မှု၊ စိတ်ဖိစီးမှုကြောင့် ၁၄၃ မှု၊ စိတ်ရောဂါကြောင့် ၇၃ မှု ရှိခဲ့ပါတယ်။

ဒါ့အပြင် ဆွဲကြိုးချမှု ၈၇၈ မှု၊ အဆိပ်သောက်မှု ၉၆ မှု၊ မိမိကိုယ်ကိုယ် ဓားနဲ့ထိုးမှု ၂၃ မှု၊  ရေထဲခုန်ချမှု ၁၁ မှု၊ တိုက်အမြင့်ပေါ်မှ ခုန်ချမှု ၁၀ မှု၊ မိမိကိုယ်ကိုယ် သေနတ်နဲ့ ပစ်မှု ၈ မှု၊ မိမိကိုယ်ကိုယ် မီးရှို့မှု ၂ မှု၊ ရထားရှေ့ပြေးဝင်မှု ၂ မှုတို့ဖြစ်ကြောင်း မြန်မာနိုင်ငံက ရဲတပ်ဖွဲ့က သိရပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013