DVB Logo
Home
မြန်မာသတင်း
ကယားဝန်ကြီးချုပ်ဟောင်းအမှု အောက်တိုဘာ ၂၇ ရက်နေ့ ခုံရုံး ဆုံးဖြတ်မည်
DVB
·
October 20, 2020
ကယားဝန်ကြီးချုပ်ဟောင်းအမှု အောက်တိုဘာ ၂၇ ရက်နေ့ ခုံရုံး ဆုံးဖြတ်မည်
Donate to DVB

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း  ဦးအယ်လ်ဖောင်းရှိုက နိုင်ငံတော်သမ္မတမှ တဆင့် တင်သွင်းထားတဲ့ တင်သွင်းလွှာအမှတ် ၁/၂၀၂၀ နဲ့ပတ်သက်ပြီး လာမယ့်အောက်တိုဘာ ၂၇ ရက်နေ့မှာ အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်မယ်လို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ကြေညာပါတယ်။

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (ခ)နှင့် (ဂ)တို့အား အနက်အဓိပ္ပာယ်ဖွင့်ဆို ပေးပါရန်" နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းလာတဲ့ တင်သွင်းလွှာအမှတ် (၁/၂၀၂၀) နဲ့ပတ်သက်ပြီးလို့ ခုံရုံးနည်းဥပဒေ ၁၉ အရ အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်မယ့်နေ့ရက်နဲ့ အချိန်ကို  ခုံရုံးဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာပါ။

ဒါ့အပြင် ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ  လိပ်မူပြီးလည်း  အောက်တိုဘာ ၂၇ ရက်နေ့ အင်္ဂါနေ့ နံနက် ၁၀ နာရီအချိန်မှာ အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်မှာ ဖြစ်ကြောင်း ခုံရုံးက အကြောင်းအကြားစာ ပေးပို့ထားပါတယ်။ 

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ခဲ့မှုနဲ့ ပတ်သက်ပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက အောက်တိုဘာ ၆ ရက် ဒီနေ့မနက်က   အွန်လိုင်းကနေ ကြားနာ စစ်ဆေးခဲ့ပါတယ်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ပေါ် စွပ်စွဲပြစ်တင်ခြင်းနဲ့ပတ်သက်ပြီး  ဖွဲ့စည်းပုံ အခြေခံဥပ‌ဒေ ပုဒ်မ ၂၆၃ ပုဒ်မခွဲ(ခ) နဲ့ (ဂ) တို့ကို အနက်အဓိပ္ပါယ်ဖွင့်ပေးဖို့ တင်သွင်းထားတဲ့အပေါ်  ကြားနာတာဖြစ်ပါတယ်။

ဦးအယ်လ်ဖောင်းရှိုကို နိုင်ငံတော်သမ္မတက စက်တင်ဘာ ၃ ရက်နေ့ရက်စွဲပါ အမိန့်အမှတ် ၂၄/၂၀၂၀ နဲ့ ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲပြီးဖြစ်တဲ့အတွက် သူဟာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့တင်သွင်းလွှာတင်သွင်းခွင့် ရှိသူဟုတ်မဟုတ် ကြားနာခဲ့ပါတယ်။ 

ဒါ့အပြင် စွပ်စွဲပြစ်တင်သူ ၅ ဦး ထဲက ဦးသိန်းအောင် (ခ) ဦးစဲရယ် နုတ်ထွက်သွားတဲ့အတွက် လွတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေအနည်းဆုံး လေးပုံတပုံ ပြည့်ခြင်းမရှိတော့တဲ့ အခြေအနေမှာ စွပ်စွဲချက်ကို ဆက်လက်စုံစမ်းစစ်ဆေးခြင်းနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၃ (ခ)ကို အနက်အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုအပ်ခြင်း ရှိ/မရှိ ကို ကြားနာခဲ့ပါတယ်။ 

ဦးအယ်ဖောင်းရှိုအပေါ် စွပ်စွဲ ပြစ်တင်ချက်ကို စုံစမ်းစစ်ဆေးနိုင်ဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရာမှာ စွပ်စွဲပြစ်တင်ရာမှာ ပါဝင်တဲ့ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးကို ထည့်သွင်းဖွဲ့စည်းထားတာဟာလည်း ပုဒ်မ ၂၆၃ (ဂ) အနက်အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုအပ်ခြင်း ရှိမရှိ အပြန်အလှန်ကြားနာခဲ့ပြီး လာမယ့်အောက်တိုဘာ ၂၇ မှာ အပြီးသတ် ဆုံး ဖြတ်ချက်ချမှာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013