DVB Logo
Home
မြန်မာသတင်း
ဇီးပင်ကြီးကွာရန်တင်းစင်တာ၌ အသွားအလာကန့်သတ်ခံထားရသူများ ကြိုတင်မဲပေးရမည်
DVB
·
October 20, 2020
ဇီးပင်ကြီးကွာရန်တင်းစင်တာ၌ အသွားအလာကန့်သတ်ခံထားရသူများ ကြိုတင်မဲပေးရမည်
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီး ကွာရန်တင်းစင်တာမှာ အသွားအလာကန့်သတ်မှု ခံယူနေဆဲ ပုဂ္ဂိုလ်တွေအနေနဲ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ  ဆန္ဒမဲ ပေးဖို့ အဆင်မပြေပါက ကြိုတင်မဲပေးဖို့ ဆောင်ရွက်ထားတယ်လို့ ပြင်ဦးလွင်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။

ကွာရန်တင်းစင်တာ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး ပုံစံ (၁၃)နဲ့ ကြိုတင်မဲပေးဖို့ ဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ပြင်ဦးလွင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်ထွန်း က "အကယ်၍ ဘယ်မှမသွားနိုင်ဘူး၊ သူလည်း ကွာရန်တင်းဝင်နေတယ်ဆိုရင် အဲ့ဒီမှာ ကွာရန်တင်းဝင်နေတဲ့ အကြီးဆုံးတာဝန်ရှိတဲ့ ဆရာဝန် ဖြစ်ကောင်းဖြစ်မယ်၊ ဒါမှမဟုတ်ရင် နယ်မြေတာဝန်ခံရှိမယ်၊အဲ့ဒါကို အဘတို့က သွားပြီးတော့ ကြိုတင်မဲတွေ သူတို့ပေးနိုင်အောင်လုပ်ပေးမယ်၊ အဲ့ဒီ ကွာရန်တင်းစင်တာ မှာရှိတဲ့ ဥပမာ ဦးဖြူက ရှိတယ်။ ဥပမာ ပြင်ဦးလွင်မှာ ဘယ်ရပ်ကွက်က၊ ဘာညာ ဆိုလို့ရှိရင် အဲ့ဒီရပ်ကွက်ကနေပြီးတော့ သူ့ကို အဘတို့ဆီကို တက်လာရမယ်၊ ဒီမြို့နယ်ကော်မရှင်ကို တက်လာ၊ တက်လာတဲ့ခါကျရင် အဲ့ဒီဟာ ကြိုတင်မဲရမှ ဘယ်သူဆိုတာကို စာရင်းနဲ့ ပုံစံ ၁၃ ဆိုတာနဲ့ တင်ပေးရမယ်၊ တင်တဲ့ခါကျမှ အဘတို့က အဲ့ဒီဟာကိုမှ ယူသွားပြီးတော့ ခုနပြောတဲ့ အဘတို့ဆီ ကတော့ ဇီးပင်ကြီးတစ်ခုပဲရှိတယ်။ အဲ့ဒီ ဇီးပင်ကြီးမှာ သွားပြီးတော့ အဲ့ဒီမှာ တာဝန်ရှိတဲ့ ဆရာဝန်ဖြစ်ကောင်းဖြစ်မယ်၊ ဒါမှမဟုတ် အုပ်ချုပ်ရေး၊ ခုနကပြောတဲ့ ရဲတို့ဘာတို့ အဲ့ဒီဟာ တစ်ခုခုပေါ့၊ အဘက အဲ့ဒီဟာတော့မသိဘူး။ အဲ့ဒီထဲက တစ်ယောက်နဲ့ အဘတို့က တိုင်ပင်ပြီးတော့ သူတို့ကိုကြိုတင်မဲ ပေးနိုင်အောင် စီစဉ်ရမှာ" လို့ပြောပါတယ်။

ကွာရန်တင်းစင်တာမှာ မဲရုံတွေ သီးသန့်ထားရှိမှာ မဟုတ်ပဲ လျှို့ဝှက်ခန်းအတွင်း ဘောပင်နဲ့ ရေးခြစ်ဆန္ဒပြုရမှာဖြစ်တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၈ ရက် မတိုင်ခင် ကွာရန်တင်းက ထွက်လာရင်တော့ သက်ဆိုင်တဲ့ ရပ်ကျေးရုံးတွေမှာ သွားရောက်မဲပေးရမှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့အထိ ဇီးပင်ကြီးကွာရန်တင်းစင်တာမှာ ကွာရန်တင်း ဝင်ရောက်နေသူ ၈၀၀ နီးပါးရှိတယ်လို့လည်း ပြင်ဦးလွင်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ က သိရပါတယ်။

သတင်း - ထိန်ထိန်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013