DVB Logo
Home
မြန်မာသတင်း
ခင်လှိုင်၊ လင်းလင်း၊ မထက်တို့နှင့် ပရိသတ်များပါ လှူဒါန်းနိုင်မည့် “လက်တွဲအတူ ကိုဗစ်အလှူ” ကျင်းပမည်
DVB
·
October 20, 2020
ခင်လှိုင်၊ လင်းလင်း၊ မထက်တို့နှင့် ပရိသတ်များပါ လှူဒါန်းနိုင်မည့် “လက်တွဲအတူ ကိုဗစ်အလှူ” ကျင်းပမည်
Donate to DVB

        ပရိသတ် အချစ်တော် ဟာသ သရုပ်ဆောင်ခင်လှိုင်နဲ့ နာမည်ကြီး အလှဖန်တီးရှင်တွေ ဖြစ်ကြတဲ့ လင်းလင်း၊ မထက်တို့ ပါဝင်ကြမယ့် “လက်တွဲအတူကိုဗစ်အလှူ” အွန်လိုင်း လိုက်ဖ်တွေ့ဆုံပွဲကို အခုည ၇ နာရီမှာ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

        ဒီအစီအစဉ်ကတော့ Myanmar Media 7 က စီစဉ်ပြီး လက်ရှိဖြစ်ပွားနေတဲ့  ကပ် ရောဂါဘေးကြောင့် ခက်ခဲတဲ့ နေရာတွေကို လှူဒါန်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပရိသတ်အ ချစ်တော် အနုပညာရှင်တွေနဲ့ ပူးပေါင်းတင်ဆက်လိုက်တဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။

ခင်လှိုင်၊ လင်းလင်း၊ မထက်တို့နဲ့ ပရိတ်သတ်တွေ ရင်းရင်းနှီးနှီး အွန်လိုင်းလိုက်ဖ် အနေနဲ့ တွေ့ဆုံကြမယ့် ဒီအစီ အစဉ်မှာတော့ ပရိသတ်တွေက ကိုယ်ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တွေနဲ့ တွေ့ဆုံ စကားပြောကြရင်း ပူးပေါင်းအလှူငွေပါဝင်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

ဒီကနေ့ရဲ့ လိုက်ဖ်အစီအစဉ်ကတော့ ၄ ကြိမ်မြောက်ရှိပြီဖြစ်ကာ ပထမဆုံးသော “လက်တွဲအတူ ကိုဗစ်အလှူ” အွန်လိုင်းလိုက်ဖ်အစီအစဉ်ကိုတော့ နာမည်ကြီး သရုပ် ဆောင် ၂ ယောက်ဖြစ်တဲ့ ရန်အောင်၊ ထက်ထက် မိုးဦးတို့နဲ့ စတင်ခဲ့ပြီး ပစ္စည်းနဲ့ ငွေစုစု ပေါင်းတန်ဖိုးကျပ်သိန်း ၁၁၀ ကျော် ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီနောက် အောက်တိုဘာ ၁၆ ရက်နေ့က သဘင်ညီအစ်ကိုတွေဖြစ်ကြတဲ့ တင် မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်းတို့ လိုက်ဖ်မှာတော့ အလှူငွေစုစုပေါင်း ၃၅ သိန်းကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကတော့  ဟာသ,သရုပ်ဆောင်ကေညီ၊ အလှ ဖန်တီးရှင် ခင်စန်းဝင်း၊ သုသုတို့နဲ့ တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ အလှူရှင်တွေ လှူဒါန်းတဲ့ ပစ္စည်းတွေနဲ့ လှူဒါန်းငွေတွေကိုတော့ Myanmar Media 7 ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ဖော်ပြပေးနေတာ ဖြစ်ပါတယ်။

လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာတော့ အောက်တိုဘာ ၁၉ ရက်နေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၃၇,၂၀၅ ယောက်၊ သေဆုံးသူ ၉၁၄ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၇,၅၆၈ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ် လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်က တကျော့ပြန်ကူး စက်မှုတွေ ရှိလာခဲ့အပြီးမှာတော့ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး သေဆုံးသူအရေအတွက်လည်း မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013